ပဲတီစိမ်းကျဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်း
ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မုံရွာ ၁ ပိဿာ ၈၉၅ ၈၄၂ ၂ မန္တလေး ၁ ပိဿာ ၈၈၉ ၈၀၀ ၃ ပြည် ၁ ပိဿာ ၈၄၀ ၈၄၀ ၄ မကွေး ၁ ပိဿာ - ၇၆၅ - ၅ မြင်းခြံ ၁ ပိဿာ ၇၇၅ ၇၅၀ ပဲတီစိမ်းကျဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်း မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီးက ဈေးကွက်သို့ အဝင်ပုံမှန်ရှိပေမယ့် တရုတ်ဝယ်လက်က အရည်အသွေးကိုစိစစ်ပြီး ဝယ်ယူ မှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၀၀ ကျပ် (တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၈၀၀ မှ ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မ် ှာ ပဲတီစိမ်းကြီးကို မန္တလေးအဆွဲ အေးသွားတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးက အကျဘက်မ် ှာရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၄၂ ကျပ် (တစ်တန်ကို ၅၁၅၆၃၂ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ ကြောင်း သိရပါတယ။် ပြည်ဈေးကွက်မှာ ပဲတီစိမ်းဈေးကွက်သို့ အဝင်မရှိတော့သလို ပွဲရုံအချို့မှာ လက်ကျန်ပဲများကို မျိုးအတွက် ပြန်လည် ဝယ်ယူမည့်သူများက တစ်ပိဿာ ၈၄၀ ကျပ် (တစ်တန်ကို ၅၁၄၄၀၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံ ကုန်သည်တစ်ဦးက ဆိုပါတယ်။မကွေးဈေးကွက်မှာ ပဲတီစိမ်းသစ် တွေ ဈေးကွက်ထဲ စတင်ဝင်ရောက်နေပြီး မန္တလေးဝယ်လက်က တစ်ပိဿာကို ၇၆၅ ကျပ်(တစ်တန်ကို ၄၆၈၄၇၈ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့် အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။
