ကုန်စည်ဒိုင် သုံးသပ်ချက်
မတ်ပဲ(ကုန်ကြမ်း)ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးအတက်အကျရယ်၊ အိန္ဒိယဘက် မှာ ပဲပေါ်တဲ့ကာလဖြစ်နေလို့ ဝယ်လိုအား ပျော့သွားတာရယ် အပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိနေတာကြောင့် ဘုရင့်နောင၊် မုံရွာ ၊ ပြည၊် ဟသာၤတနဲ့ မန္တလေး ဈေးကျနေကြောင်း တွေ့ရပါတယ်။ ပဲတီစိမ်း(အညာ) ကို အိတ်စပို့ဝယ်လက်တွေက အရည် အသွေးအရ ဈေးချအဝယ်ရှိသလို ဝယ်အားပါ နည်းလာတာ ကြောင့် မုံရွာ၊ မန္တလေးနဲ့ မြင်းခြံမှာ ဈေးကျနေပြီး ပြည်မှာ ဈေးငြိမ်ေ် နကြောင်း သိရပါတယ်။ ပဲစင်းငုံနီ အိတ်စပို့အဆွဲပါးသွားတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပြည်၊ ပခုက္ကူ၊ မြင်းခြံ၊ အောင်လံ နဲ့မကွေးမှာ ဈေးက ကျရိပ်သန်းနေကြောင်း တွေ့ရပါတယ်။ ကုလားပဲဖြူလုံးကြီးကို ပြည်ပအဝယ်အေးသွားသလို ပြည်တွင်းခွဲစက်များကလည်း အဝယ်နည်းသွားတာကြောင့် ဘုရင့်နောင်၊ မန္တလေး ၊ မုံရွာ၊ ပခုက္ကူ၊ မြင်းခြံနဲ့ ရေစကြိုမာှ ဈေးက အကျဘက်မ်မှာ ရှိနေကြောင်း တွေ့ရပါတယ်။ ထိုင်ဝမ်(ကုလားပဲ) ကို မြို့ခံပဲခွဲစက်တွေနဲ့ ကြာဆန်စက်၊ အမှုန့်ကြိတ်စက်များက ဝယ်အားပုံမှန်ရှိပေမဲ့ ရောင်းလက်များ အရောင်းများတာကြောင့် မန္တလေး၊မကွေး၊ ပခုက္ကူ၊ မုံရွာ၊ အောင်လံ န့ဲ ပြည်မှာ ဈေးအနည်းငယ်ကျနေပြးီ မြင်း ခြနံ့ဲ ရေစကြိုမှာ ဈေး ငြိမ်နေကြောင်း တွေ့ရပါတယ်။ ပြောင်းက တရုတ်ဝယ်လက်က အစိုဓာတ်အနည်းငယ်ရှိတဲ့ အပေါ် ဈေးချအဝယ်ရှိတာကြောင့် တောင်ကြီး၊ လားရှိုး၊ မူဆယ်နဲ့ ဟင်္သာတမှာ ဈေးကျနေပြီး မန္တလေးမှာ ဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။ နှမ်းဖြူကို တရုတ်အဆွဲပုံမှန်ရှိတာကြောင့် မန္တလေး၊ မုံရွာ နဲ့ မကွေးမှာ ဈေးမြင့်လာကြောင်း သိရပါတယ်။ သိပ္ပံနှမ်းကိုရန်ကုန်အဆွဲ ပြန်အေးသွားတာကြောင့် အောင်လံဈေးကွက်မှာ ဈေးကျနေကြောင်း တွေ့ရပါတယ်။
