ထိုင်ဝမ်(ကုလားပဲ) ကိုပဲခွဲစက်နဲ့ ရန်ကုန်အဆွဲပုံမှန်ရှိလို့ ဈေးမြင့်လာ

ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင်        ရေတွက်ပုံ       ယခင်      ယခု         ပြောင်းလဲမှု၁ မန္တလေး                 ၁ ပိဿာ      ၁၀၂၀     ၁၀၆၇၂ မကွေး                   ၁ ပိဿာ      ၁၀၂၃     ၁၀၃၈၃ ပခုက္ကူ                    ၁ ပိဿာ     ၁၀၁၀    ၁၀၃၆၄ မုံရွာ                      ၁ ပိဿာ       ၁၀၁၀    ၁၀၅၃၅ အောင်လံ               ၁ ပိဿာ      ၁၀၂၅    ၁၀၅၀၆ မြင်းခြံ                    ၁ ပိဿာ     ၁၀၀၀     ၁၀၅၀၇ ပြည်                      ၁ ပိဿာ     ၁၀၅၀      ၁၀၆၀၈ ရေစကြို                  ၁ ပိဿာ     ၁၀၀၀     ၁၀၂၇ထိုင်ဝမ်(ကုလားပဲ) ကိုပဲခွဲစက်နဲ့ ရန်ကုန်အဆွဲပုံမှန်ရှိလို့ ဈေးမြင့်လာ                  မန္တလေးဈေးကွက်မှာ ကုလားပဲကို ရန်ကုန်ဝယ်လက်၊ မြို့ခံပဲ ခွဲစက်နဲ့ အမှုန့်ကြိတ်စက်များက ဝယ်လိုအားပုံမှန်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကအမြင့်မှာ ရှိနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၀၆၇ ကျပ် (တစ်တန်ကို ၆၅၃၄၂၀ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀၀ မှ ၁၂၀၀ ကြား ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ ကုလားပဲကို ဒေသတွင်း ပဲခွဲစက်များက ပစ္စည်းဝယ်ယူဖြည့်တင်းတဲ့အနေနဲ့ ဝယ်အားများလာ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၃၈ ကျပ် (တစ်တန်ကို ၆၃၅၆၆၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၃၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ရေစကြို ဈေးကွက်မှာ  ကုလားပဲကို ဒေသတွင်းပဲခွဲစက်နဲ့ အမှုန့်ကြိတ်စက် များက တစ်ပိဿာကို ၁၀၂၇ ကျပ်(တစ်တန်ကို ၆၂၈၉၂၄ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀ ခန့်အဝယ်ခပ်ပါးပါးရှိခဲ့တယ်လို့ သိရပါတယ်။ အောင်လံံဈေးကွက်မှာ ကုလားပဲကို ဒေသတွင်းပဲခွဲစက်သမားများ ဝယ်အားပုံမှန်ရှိသလို ရောင်းလက်များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာကို ၁၀၅၀ ကျပ် (တစ်တန်ကို ၆၄၃၀၀၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ မှ ၁၅၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မ် ာှ ကုလားပဲကို ဒေသတွင်းခွဲစက်များ၊ အမှုန့်ကြိတ်စက်များနဲ့ မြို့တွင်း လက်လီသမားများက ဝယ်အားများလာတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လ် ာပြီး တစ်ပိဿာကို ၁၀၅၃ ကျပ်(တစ်တန်ကို ၆၄၄၈၄၆ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၇၀၀ ခန့်အရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ မြို့ခံပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။