ရေကြီးတဲ့အတွက် ထိုင်းဆန်လေးပုံ တစ်ပုံပျက်စီးနိုင်
ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံးဖြစ်ခဲ့တဲ့ရေလွှမ်းမိုးမှုကြောင့် ထိုင်းဆန်ထုတ်လုပ် မှုကလေးပုံတစ်ပုံ ကျဆင်းနိုင်တယ်လို့ အစိုးရ က ခန့်မှန်းပါတယ်။ ဒါကြောင့် အဓိကအစား အစာဈေးနှုန်းတွေ တိုးတက်လာ နိုင်ပြီး ပို့ကုန် တွေ ထိန်းချုပ်လာနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ ဆန်အထွက် တန်ချိန် ၆ သန်း ကျဆင်းမယ်ဆိုတာက ကနဦး ခန့်မှန်း ချက်သာဖြစ်ပါတယ်လို့ လယ်ယာစီးပွားရုံးမှ အကြီးအကဲ အက်ပီချုပ်ဂွန်ဆာကူးက အောက်တိုဘာ ၂၈ ရက်တွင် ပြောပါတယ်။ ရေကျမှဆက်ပြီး စစ်တမ်းကောက်ရပါဦးမယ်။ ဒါကြောင့် ထိုင်းနိုင်ငံက အင်ဒိုနီးရှားကို ကတိ ကဝတ်အတိုင်း ဆန်ပို့နိုင်တော့မှာ မဟုတ်ပါ ဘူး။ ရေလွှမ်းမိုးမှုကြောင့် ထိုင်းနိုင်ငံရဲ့ ဆန်စပါးထုတ်လုပ်မှုတန်ချိန် ၁၉ သန်း ကျဆင်း မယ်။ ယခင်က ခန့်မှန်းထားတဲ့ ၂၅ သန်းနဲ့ နှိုင်းယှဉ်ရင် လေးပုံတစ်ပုံလောက် လျော့ကျ သွားမယ်လို့ အက်ပီချတ်က ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ လယ်ယာမြေဟက်တာ ၁ ဒသမ ၆ သန်း (ဧက၃ ဒသမ ၈ သန်း)ကို ရေလွှမ်းမိုး တာခံရပါတယ်။ဒီအခြေအနေကြောင့် အဓိက သီးနှံအထွက်ကို ၂၄ ရာခိုင်နှုန်း ကျဆင်းမယ် လို့ အစိုးရက လျှော့ချခန့်မှန်းခဲ့ရပါတယ်။ အစိုးရရဲ့ ဈေးနှုန်းထောက်ပံ့ရေး အစီ အစဉ်နဲ့ ဖြန့်ဖြူးမှုကျဆင်းမှုတို့ကြောင့် ရေကျ သွားတဲ့အချိန်မှာ ထိုင်းဆန်ဖြူ B Grade ဈေးက ၃၄ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန် ကို ဒေါ်လာ ၈၅၀ အထိရောက်ရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့ အတွက် ဒေသတွင်းမှာရှိ ဆန်ဈေး နှုန်းအပေါ်မှာဂယက်ရိုက်ခတ်မှုရှိနိုင်ပါတယ်။ အိန္ဒိယရဲ့ အစားအစာဈေးနှုန်းအညွှန်း က အောက်တိုဘာ ၁၅ ရက်မှာ ၁၁ ဒသမ ၄၃ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံက စက်တင်ဘာ လမှာ ၁၃ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ အစားအစာဈေးနှုန်း ဖောင်းပွမှုက သြဂုတ်မှာ ၁၂ ဒသမ ၇၀ ရာ ခိုင်နှုန်းရှိရာမှ စက်တင်ဘာမှာ ၁၃ ဒသမ ၇၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါ တယ်။ ရေလွှမ်းမိုးလို့ ထိုင်းဆန်စပါးအထွက်ကို ထိခိုက်မှုရှိနိုင်တဲ့အတွက် ကမ္ဘာပေါ်မှာ ဆန် တင်သွင်းမှုအများဆုံးဖြစ်တဲ့ ဖိလစ်ပိုင်မှာ မုန် တိုင်းမိလို့ ထုတ်လုပ်မှုကျဆင်းတာ ဗီယက်နမ် မဲခေါင် မြစ်ဝကျွန်းပေါ်မှာ ရေလွှမ်းမိုးတာတွေ ကြောင့်လဲ စိုးရိမ်မှုတွေ ရှိနေပါတယ်။ မဲခေါင်မြစ်ဝှမ်းဒေသမှာ ရေလွှမ်းမိုးတာ ကြောင့် ဆန်စပါးစိုက်ပျိုးမြေ ဟက်တာ ၂၀၀၀၀ (ဧက ၄၉၄၂၀)ရေမြုပ်ခံရပြီး ဟက် တာ ၇၀၀၀ လောက် ပျက်စီးခဲ့တဲ့အတွက် စုစုပေါင်းစိုက်ပျိုးမှုရဲ့ ၁ ရာခိုင်နှုန်းရှိတယ်လို့ အစိုးရက တင်ပြပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ပါကစ္စတန်နဲ့ အိန္ဒိယဆန်တင်သွင်းဖို့ စဉ်းစားနေတယ်။ ဆုံး ဖြတ်ချက်တော့ မချရသေးဘူးလို့ အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်က ပြောပါတယ်။ ကမ္ဘောဒီးယားနဲ့ မြန်မာ နိုင်ငံက ဆန်ဝယ်ဖို့လည်း နည်းလမ်းရှာနေတယ်လို့ ဆိုပါတယ်။ ဉာဏ်တင်၊ Source.claimsjaurnal.com
