HPက ပီစီလုပ်ငန်းကို ဆက်လက်ဆောင်ရွက်မည်
ဟျုးလက်ပက်ကက်(HP) ကသူရဲ့ တစ်ကိုယ်ရေသုံးစနစ်အဖွဲ့ Personal Systems Group(PSG) ကို ဆက်လက်ထားရှိပြီး တစ်ကိုယ် ရေသုံးကွန်ပျူတာများကို ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၇ ရက်ကပြောပါတယ်။ HP က PC လုပ်ငန်းကို စွန့် လွှတ်တော့မည်ဖြစ်ကြောင်း ယခင် HP အမှုဆောင်အရာရှိချုပ်ဟောင်း လီယိုအိုသက်ကာက ပြောကြားခဲ့တဲ့အတွက် နောက်တစ်နေ့မှာ ကုမ္ပဏီ ရှယ်ယာတွေ ၂၀ ရာခိုင်နှုန်းထိ ထိုးကျခဲ့ပါတယ်။ Source.Xinhua.
