နှမ်းဖြူအရောင်းအဝယ်အေး ဈေးကျ

သိပ္ပံနှမ်းစဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ      ယခင်           ယခု ပြောင်းလဲမှု၁ အောင်လံ             ၁ ပိဿာ      ၁၉၅၆         ၁၉၁၂နှမ်းဖြူအရောင်းအဝယ်အေး ဈေးကျ                  မန္တလေးဈေးကွက်မှာ နှမ်းဖြူရိုးရိုးကို တရုတ်က အဝယ်အေးနေပြီး နှမ်းဖြူ(ခြုံကျော်စ)ကိုသာ တရုတ်နဲ့ ဒေသတွင်းမုန့်လုပ်ငန်းရှင် များက တစ်ပိဿာကို ၁၆၀၀ ကျပ် (တစ်တန်ကို ၉၇၉၈၂၄ ကျပ်)နဲ့ အဝယ်အထိုက်အလျောက်ရှိခဲ့တယ်လို့ ဆိုပါတယ။် မုံံရွာဈေးကွက် မှာ နှမ်းဖြူကို မန္တလေးဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၁၄၃၃ ကျပ် (တစ်တန်ကို ၈၇၇၅၅၄ ကျပ်)နဲ့ အိတ်အနည်းငယ်သာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မကွေးဈေးကွက်မှာ နှမ်းဖြူကို မန္တလေးဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အား ပါပါးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၄၀၀ ကျပ်(တစ်တန်ကို ၈၅၇၃၄၆ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၇၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အောင်လံဈေးကွက်မှာ သိပ္ပံနှမ်းကို အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က အဝယ်အေးသွားတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၉၁၂ ကျပ်(တစ်တန်ကို ၁၁၇၀၈၈၉ ကျပ်)နဲ့ နေ့စဉ် အိတ် ၂၀၀ မှ ၅၀၀ ကြားသာအရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။