ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၈၀ မှ ၁၀၀ အကြားနှုန်းထားသည် သင့်တင့်မျှတမှုရှိကြောင်း UAE စွမ်းအင်ဝန်ကြီး ပြောကြား

                       အောက်တိုဘာလအတွင်း ၁၇ ရာခိုင်နှုန်း တန်ဖိုးမြင့်လာတဲ့ ရေနံစိမ်းဈေးနှုန်းက အောက်တိုဘာ ၃၁ ရက်မှာ အနည်းငယ် အားနည်းသွားခဲ့တယ်။ ကန်ဒေါ်လာတန်ဖိုး မြင့်မားလာခြင်း နဲ့ ရေနံစိမ်းဝယ်လိုအား လျှော့ကျမယ် ခန့်မှန်းခြင်းတို့ကြောင့် ရေနံစိမ်းဈေးနှုန်းကျဆင်းတယ်လို့ သိရတယ်။                    ဒီဇင်ဘာလအရောက်ပို့ရမယ့် ရေနံစိမ်းက တစ်စည်ကို ၁ ဒသမ ၀၇ ဒေါ်လာ ကျဆင်းကာ ၉၂ ဒသမ ၂၅ ဒေါ်လာနဲ့ နယူးယောက် ကုန်စည်ရောင်းဝယ်ရေးမှာ အရောင်း အဝယ်ဖြစ်ခဲ့တယ်။ ဘရန့်အမျိုးအစား ရေနံစိမ်းကလည်း တစ်စည်ကို သုည ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းကာ ၁၀၉ ဒသမ ၁၂ ဒေါ်လာနဲ့ လန်ဒန် အခြေစိုက် ICE Futures Europe Exchange မှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ လက်ရှိ ကမ္ဘာ့စီးပွားရေးအခြေအနေအရ ရေနံစိမ်း တစ်စည်ကို ကန်ဒေါ်လာ ၁၀၀ နှုန်းထားက တာရှည်ခံနိုင်လိမ့်မယ်မထင်ကြောင်း နိုင်ငံတကာ စွမ်းအင်အေဂျင်စီရဲ့ ယခင်ဥက္ကဋ္ဌက ပြောကြားတယ်။ UAE စွမ်းအင်ဝန်ကြီးကလည်း ရေနံစိမ်း တစ်စည်ကို ၈၀ဒေါ်လာမှ ၁၀၀ ဒေါ်လာအကြားနှုန်းထားက သင့်တင့်မျှတမှုရှိကြောင်း၊ နောက် ထပ်ရေနံထုတ်လုပ်ဖို့ အခြေခံအဆောက်အအုံတွေကိုပါတည်ထောင်ဖို့ တွန်းအားပေးနိုင်လိမ့်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Source:Bloomberg.com၊ ပပ