မန္တလေး-မူဆယ် သယ်ယူစရိတ်နှုန်းထား ဆက်လက်မြင့်တက်

                 မန္တလေး-မူဆယ် သယ်ယူစရိတ်နှုန်းထားများသည် ယခင်အပတ်ကထက် ၁ ပိဿာလျှင် ၅ ကျပ်မှ ၁၂ ကျပ်ထိ မြင့်တက်သွားလျက်ရှိပါတယ်။ ပဲတီစိမ်း၊ နှမ်း၊ ရော်ဘာ တစ်ပိဿာလျှင် သယ်ယူခ ၈၀ ကျပ်နှုန်းနဲ့ ပြောင်းဖူးစေ့ ၁ ပိဿာ ၈၅ ကျပ်နှုန်းဈေးပေါက်လျက် ရှိပြီး ယခင်အပတ်ကထက် နှမ်းနဲ့ ရော်ဘာ တစ်ပိဿာ ၅ ကျပ်၊ ပဲတီစိမ်း ၁ ပိဿာ ၇ ကျပ်နဲ့ ပြောင်းဖူးစေ့ ၁ ပိဿာ ၁၂ ကျပ် သယ်ယူစရိတ်နှုန်း မြင့်တက်လျက်ရှိပါတယ်။ MIRT (DOBT)