ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက် ဈေးပေးအဝယ်ရှိလို့ ဈေးစွာလာ
ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၄၄၆၀၀၀ ၄၅၂၀၀၀၂ မန္တလေး ၁ ပိဿာ ၆၅၀ ၆၉၀၃ မုံရွာ ၁ ပိဿာ ၆၅၀ ၆၈၀၄ ပခုက္ကူ ၁ ပိဿာ ၆၄၅ ၆၉၀၅ မြင်းခြံ ၁ ပိဿာ ၆၁၀ ၆၄၀၆ အောင်လံ ၁ ပိဿာ ၆၅၀ ၆၈၀၇ မကွေး ၁ ပိဿာ ၆၅၀ ၆၉၅ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက် ဈေးပေးအဝယ်ရှိလို့ ဈေးစွာလာ ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီ (RC) ကို အိတ်စပို့ ဝယ်လက်တွေက ဈေးပေးအဝယ်ရှိသလို ဝယ်အားပါများလာတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာပြီး တစ်တန်ကို အနိမ့် ဆုံး ၄၄၆၀၀၀ကျပ်မှ အမြင့်ဆုံး ၄၅၂၀၀၀ ကျပ်အတွင်း တန် ၁၉၄၅ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့အ ပတ်က ဈေးထိုးကျလာတဲ့ ပဲစင်းငုံနီ (RC)ကို ဒီတစ်ပတ်မှာ အိတ် စပို့ဝယ် လက်တွေက ဈေးပေးအဝယ်ရှိသလို ရောင်းလက်များကလည်း တက်ဈေးမှာ အရောင်းများခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက် မှာပဲစင်းငုံနီကို ရန်ကုန်အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာပြီး တစ်ပိဿာကို ၆၈၀ ကျပ်(တစ်တန်ကို ၄၁၆၄၂၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၅၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ဆိုပါတယ။် ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် က အဆွဲများလာသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့အရောင်း များတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာ ပြီး တစ်ပိဿာကို ၆၉၀ ကျပ်(တစ်တန်ကို ၄၂၂၅၄၉ ကျပ်)နဲ့နေ့စဉ် အိတ် ၁၀၀၀ မှ ၁၃၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ မန္တလေးဈေးကွက် နဲ့ အောင်လံဈေးကွက်မှာ ကထိန်ပွဲ တော်ရှိတာကြောင့် ပဲစင်းငုံနီ အရောင်းအဝယ်မဖြစ်ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၆၉၅ ကျပ်(တစ်တန်ကို ၄၂၅၆၁၁ ကျပ်)နဲ့နေ့စဉ်အိတ် ၃၀၀ ခန့်အဝယ်ရှိခဲ့သလို ရောင်းလက်များကလည်း တက်ဈေးမှာ အရောင်းများခဲ့တယ်လို့ သိရပါတယ်။
