ပဲတီစိမ်း(အညာ) အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်း

ပဲတီစိမ်း(အညာ)စဉ် ကုန်စည်ဒိုင်          ရေတွက်ပုံ        ယခင်      ယခု            ပြောင်းလဲမှု ၁ မုံရွာ                        ၁ ပိဿာ       ၇၈၉        ၇၈၉ ၂ မန္တလေး                   ၁ ပိဿာ       ၇၈၂        ၇၁၁ ၃ ပြည်                        ၁ ပိဿာ       ၈၃၀        ၈၂၅ ၄ မကွေး                     ၁ ပိဿာ       ၈၁၆        ၇၉၀ ၅ မြင်းခြံ                     ၁ ပိဿာ        ၆၇၅         ၆၇၅ ၆ အောင်လံ                ၁ ပိဿာ         ၈၅၀         ၈၇၅ ပဲတီစိမ်း(အညာ) အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်း                   မုံရွာဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကြီးကို ရန်ကုန်-မန္တလေး ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး တစ်ပိဿာကို ၇၈၉ ကျပ် (တစ်တန်ကို ၄၈၃၁၇၅ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀ ခန့် အဝယ်ခပ်ပါးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။ အောင်လံဈေးကွက်မှာ မိုးစိုက်ပဲတီစိမ်းတွေ ဈေးကွက်ထဲပုံမှန်အဝင်ရှိနေသလို ရန်ကုန်-မန္တလေး ဝယ်လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိ ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၇၅ ကျပ် (တစ်တန်ကို ၅၃၅၈၄၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်သ် ို့ ပန်တောင်း၊ ဥသျှစ်ပင်မြို့နယ်များနဲ့ အောင်လံ၊ မင်းတုန်း၊ ကံမဘက်မှလည်း ပဲတီစိမ်းသစ်တွေ ဈေးကွက်ထဲအဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်က လည်း တစ်ပိဿာကို ၈၂၅ ကျပ် (တစ်တန်ကို ၅၀၅၂၂၁ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်က တစ်ပိဿာကို ၈၃၀ ကျပ်(တစ်တန်ကို ၅၀၈၂၈၃ ကျပ်)နဲ့ ဈေးကောင်းရခဲ့တဲ့ ပဲတီစိမ်းက ဒီတစ်ပတ်မှာ ဈေးကွက်သို့ ပစ္စည်းအဝင်များတဲ့အပေါ် ဝယ်လက်တွေရဲ့ ဈေးနှိမ်ဝယ်ယူမှုတွေကြောင့် ယခုလိုဈေးအနည်းငယ် ကျလာရတယ်လို့ မြို့ခံ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။