ဆီမီးသို့တက်ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း ဟန်ဆန် ဖွင့်ဟပြောကြား

                 မြန်မာယူ-၂၃အသင်း၏နည်းပြချုပ် စတီဖင်ဟန်ဆန်က မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ဆီမီးဖိုင်နယ်သို့တက် ရောက်နိုင်မည်ဟု ယုံကြည်မိကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။                 နည်းပြချုပ်စတီဖင်ဟန်ဆန်က ဘရူနိုင်းအသင်းအား လေးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက်ကျင်းပသည့်သတင်း စာရှင်းလင်းပွဲတွင် " ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ နောက်ထပ်နှစ်ပွဲကစား ဖို့ကျန်ပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ တစ်ပွဲချင်းစီကို အာရုံစိုက်ထားဖု့ိ တော့လိုပါသေးတယ်"ဟု ပြောကြားခဲ့ ကြောင်း သိရသည်။                  ဗီယက်နမ်နှင့်သရေကျခဲ့သည့် ပွဲအပြီး ပြုလုပ်သည့်သတင်းစာရှင်းလင်း ပွဲတွင်လည်း ဟန်ဆန်က မိမိတို့အနေ ဖြင့် ဗီယက်နမ်ဖိတ်ခေါ်ဖလားပွဲအပြီး မှာ အချိန်တိုအတွင်း အကောင်းဆုံး ပြင်ဆင်နိုင်ခဲ့မှုကြောင့် ယခုလိုရလဒ်မျိုး ရခဲ့ခြင်းဖြစ်ကြောင်း၊ ဗီယက်နမ်အသင်းသည်လည်း ယခင်ပွဲကခြေစွမ်းအတိုင်း အသင်းကောင်းတစ်သင်းဖြစ်ကြောင်း၊ ဆီမီးကို တက်ရောက်နိုင်ဖို့အတွက်မူ တခြားအသင်းများနှင့် အတူတူပင်ဖြစ်ကြောင်းပြောကြားခဲ့ကြောင်းသိရသည်။ မြန်မာယူ-၂၃အသင်းအနေဖြင့် လက်ရှိအချိန်တွင် သုံးပွဲကစားပြီးခဲ့ရာတွင် နှစ်ပွဲနိုင် တစ်ပွဲသရေ ခုနစ်မှတ် ဖြင့် အုပ်စု(ခ)၏ပထမနေရာတွင်ရပ် တည်လျက်ရှိကြောင်း သိရသည်