ရီးရဲလ်မက်ဒရစ်-ဘီလ်ဘာအို ပွဲစဉ်ကို တရုတ်နိုင်ငံ၌ ပရိသတ်သန်း ၁၅၀ အထိ ကြည့်ရှုခဲ့ကြောင်း CCTV ဖော်ပြ
ရီးရဲလ်မက်ဒရစ်သည် ဘီလ်ဘာအိုနှင့်ပွဲစဉ်ကို စပိန်စံတော်ချိန်နေ့လည် ပိုင်းအချိန်တွင်ကစား၍အာရှဈေးကွက် ထိုးဖောက်ရန် ကြံစည်မှုမှာအောင်မြင်ခဲ့ ကြောင်းလည်းသိရသည်။ ဘီလ်ဘာအိုကို ခုနစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရသောပွဲစဉ်အားတရုတ်နိုင်ငံတွင် ပရိသတ်ပေါင်းသန်း ၁၂၀ခန့်ကြည့်ရှုခဲ့ ကြကြောင်းစီစီတီဗွီသတင်းဌာနကဖော်ပြသွားခဲ့သည်။ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်သည် အာရှဈေး ကွက်ကိုထိုးဖောက်နိုင်ရန်အတွက် ပရီးမီးယားလိဂ်ကဲ့သို့ပင်နေ့လယ်ပိုင်းအချိန် တွင် ကစားခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲစဉ်ကို ဘေးဂျင်းတစ်မြို့ တည်း၌ပင် ပရိသတ်သန်း ၆၀ ကြည့်ရှု ခဲ့ကြသည်။ ထို့အပြင် အခြား တရုတ် ဘောလုံးပရိသတ် သန်းတစ်ရာတို့မှာ hibo8.com ဝက်ဘ်ဆိုက်မှ ကြည်ရှုခဲ့ ကြကြောင်းလည်း သိရသည်။ ထို့ကြောင့် ယင်းပွဲကိုကြည့်ရှုသည့် တရုတ် ပရိသတ် သန်း ၂၂၀ အထိရှိမည် ဖြစ်သည်။
