Fed Cup ဗိုလ်လုပွဲတွင် ချက်အသင်း အနိုင်ဗိုလ်စွဲ

                      ရုရှားနိုင်ငံ၊ မြို့တော်မော်စကိုတွင် ကျင်းပခဲ့သည့် Fed Cup  ပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲတွင်ချက်အမျိုးသမီး အသင်းက အိမ်ရှင်ရုရှားအသင်းအား သုံးပွဲနှစ်ပွဲဖြင့် အနိုင်ယူကာ ပထမဆုံး အကြိမ်ဗိုလ်စွဲသွားခဲ့ကြောင်းသိရသည်။ အမျိုးသမီးလက်ရွေးစင်တင်းနစ် အသင်းများအတွက် အဆင့်အမြင့်ဆုံး ပြိုင်ပွဲဖြစ်သည့်  Fed Cup ပြိုင်ပွဲကို နှစ် ရက်ကြာကျင်းပခဲ့ရာ ပထမနေ့ပွဲစဉ် တစ်ဦးချင်းပွဲစဉ် လေးပွဲအပြီးတွင် ရုရှား အသင်းနှင့် ချက်အသင်းတို့သည် နှစ်ပွဲ စီသရေကျနေခဲ့သည်ဒုတိယနေ့နောက် ဆုံးပွဲစဉ်အဖြစ် နှစ်ယောက်တွဲပွဲစဉ်များ ကို ယှဉ်ပြိုင်ကစားခဲ့ကြရာတွင် ချက် အသင်းမှ ပက်ရှကီနှင့်ရာဖက်ကာတို့ အတွဲက ကီရီလန်ကိုနှင့်ဗက်စနီနာတို့ အတွဲကို ၆-၄၊ ၆-၂ ဖြင့် အနိုင်ကစား နိုင်ခဲ့သဖြင့် ချက်အသင်း ဗိုလ်စွဲခဲ့ရခြင်း ဖြစ်သည်။                       ယခုပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ခြင်း သည် ဆလိုဗက်ကီးယားမှခွဲထွက်ခဲ့ပြီး ၁၉၉၃ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ် ရရှိသည့်ဆုဖလားဖြစ်သည်။ ရုရှားအသင်းသည်ချန်ပီယံဆုဖလား နှင့်လွဲချော်ခဲ့ရာ ၂၀၀၄ခုနှစ်နောက်ပိုင်း ငါးကြိမ်မြောက် ချန်ပီယံဖြစ်ရေးအိပ်မက်မှာပျက်ပြယ်ခဲ့ရကြောင်းသိရသည်။