ထိုင်းစပါးအပေါင်ခံအစီအစဉ်မှာ ဆုံးရှုံးမှုကြီးမားစွာ ဖြစ်ပေါ်နိုင်

်                          ထိုင်းအစိုးရရဲ့ ဆန်စပါးအပေါင်ခံ စီမံကိန်းတွင် လဘ်ယူမှုများကြောင့် ဘတ် ၁ ဒသမ ၃ ဘီလီယံ (ကန်ဒေါ်လာ သုည ဒသမ ၀၄၂ ဘီလီယံ)ထက်မနည်း ဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်။ သိုလှောင်ရုံ ကိုင်ဆောင်ထားရတဲ့ အစိုးရ အရာရှိများဟာ ယင်းအစီအစဉ်မှာ ပါဝင်ခွင့်ပြုဖို့ ငွေရယူနေတယ်လို့ သိရပါတယ်။ သိုလှောင်ရုံ တစ်ခုစီမှာ စပါး ၁၀၀ ကီလိုပါ ၁ အိတ်ကို ၂ ဘတ်ပေးရတယ်လို့ သိုလှောင်ရုံမှ သိုလှောင်သူတစ်ဦးက ဆိုပါတယ်။                        ဆန်သိုလှောင်ရေးတာဝန်ယူရတဲ့ အများပြည်သူသိုလှောင်ရုံအဖွဲ့အစည်း (PWO) မှ အရာရှိများဟာ လက်ဖက်ရည်ဖိုး တောင်းယူနေတယ်လို့လည်း ဆိုပါတယ်။ အကယ်လို့ ၎င်းင်းတို့ကို ငွေမပေးရင် အစိုးရ သိုလှောင်ရုံ မှာ သိုလှောင်ခွင့်မရဘူး လို့လည်း ဆိုပါတယ်။ ယင်းအစီအစဉ်အရ သိုလှောင်ရုံဝန်ထမ်းများဟာဆန်၊ စပါးထိန်းသိမ်းခကိုလစဉ် ၁အိတ် ၁၅ ဘတ် (ကန်ဒေါ်လာ သုည ဒသမ ၄၈၆) ရရှိတယ်လို့ ဆိုပါတယ်။ တောင်သူအများစုဟာ စပါးအပေါင်ခံတဲ့ အစီအစဉ်မှာ ပါဝင်လိုတဲ့အတွက် သိုလှောင်ရုံအရာရှိများကို ငွေမပေးတဲ့ တောင်သူများ အနေနဲ့ အဲဒီအစီအစဉ်အခွင့်အရေးကို လက်လွတ်ရမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်အရ စပါးတစ်တန် ဘတ် ၁၅၀၀၀ (ကန်ဒေါ်လာ ၄၈၆)နဲ့ စံပယ်မွှေးစပါးအတွက် ဘတ် ၂၀၀၀၀(ကန်ဒေါ်လာ ၆၄၈) ရရှိမှာ ဖြစ်ပါတယ်။ သိုလှောင်မှု                       စပါးအပေါင်ခံအစီအစဉ်အရ အစိုးရသိုလှောင်မှုမှာ စပါးတန်ချိန် ၁၀သန်းခန့် ရရှိလာဖွယ်ရှိပြီး၊ ကြိတ်ခွဲပါက ဆန်တန်ချိန် ၆ ဒသမ ၆ သန်းခန့်ထွက်ရှိမှာဖြစ်ပါတယ်။ သိုလှောင်ရုံတွေကို ၁၀၀ ကီလိုပါ ၁ အိတ်ကို ၂ ဘတ်ပေးရရင် စုစုပေါင်းပမာဏအတွက် ဘတ် ၁ ဒသမ ၃ ဘီလီယံခန့် အစိုးရအရာရှိများ လာဘ် ရရှိမှာဖြစ်ပါတယ်။ ဆန်၊ စပါးအပေါင်ခံတဲ့ အစီအစဉ်မှာ ထင်သာမြင်သာရှိစေဖို့ ဒုတိယဝန်ကြီးချုပ်နဲ့ စီးပွားကူးသန်းဝန်ကြီး ဖြစ်သူ Kittiratt Na-Ranong မှ PWO နဲ့ အခြားဆက်စပ်အေဂျင်စီများကို စစ်ဆေးရေးဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြား ခဲ့ပါတယ်။ အစိုးရမှာ အပေါင်ခံမှုကို စောင့်ကြည့်စစ်ဆေးဖို့ ဆပ်ကော်မတီရှိပေမယ့် စပါးအပေါင်ခံတဲ့ ဒေသတွေကို သွားရောက်စစ်ဆေးခြင်းမရှိဘဲ ရုံးမှာသာ အစည်းအဝေးခေါ်ယူနေတယ်လို့ ဆိုပါတယ်။                  ဒါပေမယ့် အပေါင်ခံ အစီအစဉ်မှာ တာဝန်ရှိတဲ့ စီးပွားကူးသန်းဒုတိယဝန်ကြီး Poom Sarapal Man ကတော့ လာဘ်ယူတယ်ဆိုတဲ့ ကောလာဟလတွေ အပေါ် ယခင်နေ့က ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီကိစ္စကို စစ်ဆေးဖို့ အတွက် စစ်ဆေးရေး ဆပ်ကော်မတီ ၃ ခုကို တိုးမြှင့်ချထားခဲ့တယ်လို့ ဆိုပါတယ်။ အကယ်လို့ လာဘ်ယူတဲ့ အရာရှိများကို စစ်ဆေးတွေ့ရှိခဲ့ရင် ဥပဒေအရရော စည်းကမ်းအရပါ အရေးယူသွားမယ်လို့ Poom မှ ပြောကြားပါတယ်။ လဝန်း လဝန်း၊Source: riceline