ဒီဇင်ဘာလအတွင်း ဗီယက်နမ်ဆန်တန်ချိန် ရှစ်သိန်းခန့်ကို ဖိလစ်ပိုင် တင်သွင်းနိုင်

                   လာမယ့်နှစ်နောက်ပိုင်းလများအတွင်း ပြည်တွင်းသိုလှောင်မှုမြှင့်တင်ဖို့ ဖိလစ်ပိုင်အစိုးရဟာ ဗီယက်နမ် ဆန် တန်ချိန် ၈ သိန်းခန့်ထိ တင်သွင်းနိုင်တယ်လို့ သိရပါတယ်။ စိုက်ပျိုးရေးဝန်ကြီး Proceso J Alcala  မှ နိုဝင်ဘာလ ၁၆ ရက်နေ့ ပြောကြားချက်အရ အစိုးရက နိုင်ငံတော်စားနပ်ရိက္ခာအာဏာပိုင် (NFA) ကောင်စီနဲ့ ဆန်တင်သွင်းဖို့ လုပ်ငန်းစဉ်နဲ့ ပမာဏကို အပြီးသတ်ဆွေးနွေးပြီး၊ နောက်လမှာ တင်ဒါခေါ်ယူမှုစတင်နိုင် တယ်လို့ ဆိုပါတယ်။                    NFA ကောင်စီဟာ ယခုလကုန်မှာ အစည်းအဝေးလုပ်သွားမှာဖြစ်ပြီး၊ တင်သွင်းမယ့် ပမာဏနဲ့ အချိန်တို့ကို အတည်ပြု သဘောတူသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ပမာဏကို ဆုံးဖြတ်ထားပြီးကြောင်းနဲ့ ဒီဇင်ဘာလမှာ တင်ဒါစတင်ခေါ်ယူသွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ တင်သွင်းမှုကို နောက်လ ဇူလိုင်လမတိုင်မီစတင်သွားမယ်လို့ ဆိုပါတယ်။ တတိယ ၃ လပတ်ဟာ ပြင်းထန်တဲ့ မုန်တိုင်းများကြောင့် လယ်ယာမြေပျက်စီးတဲ့အတွက် ဖိလစ်ပိုင်ဆန် ထုတ်လုပ်မှု အတွက် ခက်ခဲတဲ့ရာသီဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်အတွင်း ဆန်တန်ချိန် ၈၆၀၀၀၀ တင်သွင်းခဲ့ပြီး၊ အများဆုံးကို ဗီယက်နမ်က တင်သွင်းခဲ့ပါတယ်။ လမင်း၊Source: Bernana.com