ပြောင်းကို တရုတ်အဝယ်သွက်လို့ ဈေးစွာလာ
ပြောင်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ တောင်ကြီး ၁ ပိဿာ ၂၁၅ ၂၁၅၂ လားရှိုး ၁ ပိဿာ ၂၆၀ ၂၆၅၃ မူဆယ် ၁ တန် ၂၁၆၂၃၅ ၂၁၇၀၃၈၄ မန္တလေး ၁ ပိဿာ ၂၅၉ ၂၆၉၅ ဟင်္သာတ ၁ ပိဿာ ၃၀၀ ၂၉၅ပြောင်းကို တရုတ်အဝယ်သွက်လို့ ဈေးစွာလာ တောင်ကြီးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ ပစ္စည်းအဝင်လှိုင်နေသလို မန္တလေးဝယ်လက်၊ ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်း အစာစပ်သမားများကလည်း ဝယ်အားသွက်ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၂၁၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၆၀၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြောင်း ကအရင်ထက်စာရင် အဝင်ပိုများလာသလို အိတ်စပို့ဝယ်လက်တွေ ကလည်း ဝယ်အားများလာတာကြောင့် ဈေးကွက်မှာ အရောင်းအဝယ်ပိုမိုစည်ကားလာတယိလု့ိ ဒေသခံပြောင်းကုန်သည်တွေက ဆိုပါတယ။် မူဆယ်ဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်ပုံမှန်ရှိသ လို တရုတ်ဘက်ကလည်း အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် အရောင်းအဝယ်ဖြစ်မှုပမာဏပိုများလာတယ်လို့ သိရပါတယ်။ လားရှိုးဈေးကွက်မှာ ပြောင်းက ဈေးကွက်အဝင်ရှိသလောက် တရုတ်ဝယ်လက် အဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ ပြောင်းကဈေး နည်းနည်းမြင့်လာတဲ့အခါမှာ ရောင်းလက်များက ပိုပြီးအရောင်းများ လာသလို တရုတ်ကလည်း အဆွဲအားကောင်းလာတာကြောင့် ဒေသခံပြောင်းတောင်သူတွေ ဈေးကွက်အနေအထားအရ တွက်ခြေကိုက် နေတယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၂၆၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၁၁၁၉၁၉ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
