မတ်ပဲကို အိတ်စပို့အဆွဲနည်းလို့ ဈေးဆက်လက်ကျဆင်း

မတ်ပဲစဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ       ယခင်      ယခု        ပြောင်းလဲမှု၁ ဘုရင့်နောင်         ၁ တန်      ၅၄၉၀၀၀   ၅၂၅၀၀၀၂ မုံရွာ                    ၁ ပိဿာ       ၈၂၅        ၇၇၅၃ ပြည်                    ၁ ပိဿာ      ၈၇၀         ၇၇၅၄ ဟင်္သာတ             ၁ ပိဿာ       ၈၁၅        ၇၈၀၅ မန္တလေး               ၁ ပိဿာ       ၈၀၀        ၇၅၀မတ်ပဲကို အိတ်စပို့အဆွဲနည်းလို့ ဈေးဆက်လက်ကျဆင်း                     ဘုရင့်နောင် ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ(RC)ကို အိတ်စပို့ဝယ်လက်တွေက အောက်ဈေးနဲ့ အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယဘက်မှာ မြန်မာ့မတ်ပဲဈေးနှုန်း ကျဆင်းနေသလို ဝယ်လိုအားကလည်း ပျော့သွားတာကြောင့် ပြည်တွင်းဈေးမှာ တဖြည်းဖြည်းဈေးကျဆင်းနေတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ၅၁၆၅၀၀ ကျပ်မှ အမြင့်ဆုံး ၅၂၅၀၀၀ ကျပ်အတွင်း တန် ၅၂၉၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက် အချို့နဲ့ မြို့ခံပဲခွဲစက်များက အောက်ဈေးနဲ့ အဝယ်ရှိနေသလို ငွေပြန်ပေါ်လိုသော ရောင်းလက်များကလည်း အဆိုပါဈေးနဲ့ အရောင်းရှိ ခဲ့တာကြောင့် တစ်ပိဿာကို ၇၅၀ ကျပ် (တစ်တန်ကို ၄၅၉၂၉၂ ကျပ်)နဲ့ နေ့စဉ် အိတ် ၅၀၀ မှ ၈၀၀ ကြား အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ဆိုပါတယ။် ဟင်္သာတဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း) က လှောင်လက်ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန် နည်းပါးလာသလို ရန်ကုန်အဆွဲကလည်း ဈေးချအဝယ်ရှိတာ ကြောင့်ယခင်အပတ်နဲ့ စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၈၀ ကျပ်(တစ်တန်ကို ၄၇၇၆၆၄ ကျပ်)နဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ပြည်ဈေးကွက်မှာ မတ်ပဲ (ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်က ရန်ကုန် ဘုရင့် နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေး ကျဆင်းနေတာကို အကြောင်းပြပြီး ဈေးနှိမ်ဝယ်ယူမှုတွေရှိတာကြောင့် ယခင် အပတ်နဲ့ စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၇၅ ကျပ် (တစ်တန်ကို ၄၇၄၆၀၂ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။