မူဆယ်-မန်းကုန်တင်ခနှုန်းထားများ ပုံမှန်အတိုင်းငြိမ်နေ

                        မူဆယ်-မန်း ကုန်စည်တင်ဆောင်ခနှုန်းထားများမှာ ယခင်က ဈေးအတက်အကျကြမ်းခဲ့ရာမှ ယခုလတွင်း ဈေးငြိမ်ပြီး ကုန်စည် ပုံမှန်သွားလျက်ရှိကြောင်းသိရပါတယ်။ ကုန်စည်ပို့ဆောင်ရေးဂိတ်ပိုင်ရှင်တစ်ဦးက ]]ဈေးငြိမ်နေတာ ရက် ၂၀ လောက်ရှိပြီ။ ကုန်စည်က လည်း ပုံမှန်သွားနေတယ်။ ကားလည်းလုံလောက်မှုရှိတယ်။ ရန်ကုန်လမ်းကြောင်း၊ မုံရွာလမ်းကြောင်း၊ ပခုက္ကူလမ်းကြောင်းက ကားတွေပါ ဟိုဘက်မှာကားခဈေးကျလို့ မူဆယ်လမ်းကြောင်းကိုဝင်လာတယ်။ မုံရွာဘက်က ဖရဲသီးတစ်တန်ကို ၇၅၀၀၀ ကျပ်နဲ့သွားနေတယ်။ ဖရဲသီးတချို့တစ်ဝက် ထွက်နေပြီ၊ ဖောဖောသီသီထွက်တာ မဟုတ်သေးဘူး}}လို့ ပြောပါတယ်။ အတက်ကုန်စည်ဈေးမှာ မူဆယ်အရောက်ဈေး ကုန်တစ်ပိဿာကို ၈၅ ကျပ်ပတ်လည်၊ ၁၀၅ မိုင်အရောက်ဈေး ၈၀ ကျပ်ပတ်လည် ရှိပြီး၊ ပြောင်းအဓိကအသွားများပြီး၊ ပဲ၊ နှမ်း၊ ရော်ဘာ အနည်းငယ်တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ အဆင်း ကုန်စည်ဈေးနှုန်းမှာ ကြယ်ခေါင်အတွင်းမှ ကုန်တင်ပါက တစ်ပိဿာ ၉၅ ကျပ်ပတ်လည်၊ မူဆယ်မှာ ၈၅ ကျပ်ပတ်လည်ဖြင့် ကုန်တင်လျက်ရှိကြောင်း၊ ကုန်စည်များတွင် မြေဆီအဓိကဆင်း၍ လူသုံးကုန်၊ သံ၊ အိမ်သုံးအထွေထွေပစ္စည်းအဆင်းများကြောင်း သိရပါတယ်။ ဇူးဇူး