၂၀၁၁ ခုနှစ် ကမ္ဘာ့ဆန်ထုတ်လုပ်မှု စံချိန်တင်ဦးမည်ဟု FAO အစီရင်ခံ
ကမ္ဘာမှာ ဆန်ထုတ်လုပ်မှုအများဆုံးနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ တရုတ်အပါအဝင် ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှာ သဘာ၀ ဘေးအန္တရာယ်များစွာနဲ့ ကြုံတွေ့ခဲ့ရသော်လည်း ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာ့ဆန်ထုတ်လုပ်မှု စံချိန်တင် ဦးမယ်လိ့ု ဘန်ကောက်ရှိ ကုလသမဂ္ဂအဖွဲ့အစည်းမှ အဆင့်မြင့်အရာ ထမ်းတစ်ဦးက နိုဝင်ဘာ ၁၄ ရက်မှာ ပြောကြားခဲ့တယ်။ ၂၀၁၀ ခုနှစ်က ဆန်တန်ချိန် သန်းပေါင်း ၇၀၀ မှတ်တမ်းတင်ထုတ်လုပ်နိုင်ခဲ့သော်လည်း ယခုနှစ်မှာ ၃ ရာခိုင်နှုန်း တိုးတက်ကာ တန်ချိန် ၇၂၁ သန်းအထိ ထုတ်လုပ်နိုင်မှာဖြစ်တယ်လိ့ု ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့အစည်း (FAO) မှ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Hiroyuki Konuma က ပြောကြားတယ်။ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ လာအိုမှာ ရေလွှမ်း မိုးမှုဒဏ်ကြောင့် စပါးထုတ်လုပ်မှုကို များစွာ မထိခိုက်စေတဲ့ အပြင် တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် (အဓိကမှာ တရုတ် နိုင်ငံ) မှာ စပါးအထွက်တိုးမှာဖြစ်ပြီး ကမ္ဘာ့ဆန်ထုတ်လုပ်မှုကို တိုးမြှင့်ခန့်မှန်းတယ်လို့ သိရတယ်။ တရုတ်နိုင်ငံမှာ မိုးခေါင် ရေရှားမှုဒဏ်နဲ့ ရေကြီးမှုဒဏ်တွေ ခံစားခဲ့ရသော်လည်း ယခင် နှစ်ဆန်ထုတ်လုပ်မှုထက် ၃ ရာခိုင်နှုန်းမြင့်မားကာ တန်ချိန် ပေါင်း၂၀၃ သန်းထုတ်လုပ်နိုင်မှာဖြစ်ကြောင်း၊ ဆန်ထုတ်လုပ် မှု တိုးတက်တာနဲ့ အမျှ ဆန်စားသုံးမှုလည်း မြင့်မားလာတဲ့ တရုတ်နိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ အာရှနဲ့ အာဖရိက နိုင်ငံတွေမှ ဆန်ဝယ်လိုအား တိုးတက်လာမှုကြောင့် ၂၀၁၁ ခုနှစ် ကမ္ဘာ့ဆန်ကုန်သွယ်မှု ၉ ရာခိုင်နှုန်း မြင့်မားနိုင် ကြောင်း FAO အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပပ၊ Source:bworldonline.com
