မကြာတော့သော ကာလမှာ ဆန်တင်ပို့မှု တိုးတက်မည်ဟု ပါကစ္စတန်မှဆို

               ပါကစ္စတန်နိုင်ငံရဲ့ ပုံမှန်ဝယ်လက်များအတွက် ဝယ်လိုအား ဖြည့်ဆည်းဖို့ ၂၀၁၂ ခုနှစ် စပိုင်းမှာ ဆန်တင်ပို့မှု တိုးမြှင့်မယ်လို့ ပါကစ္စတန်ဆန်တင်ပို့သူများအသင်း(REAP)ဒုတိယ ဥက္ကဋ္ဌ Safder Hussain Mehkri  မှ ပြောကြားပါတယ်။ ထိုင်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် လာမယ့်ကာလတွေမှာ ဆန်ရောင်းချမှုလျှော့ကျနိုင်တဲ့အတွက် နိုင်ငံတကာဆန်ဈေး ကွက် မှာ လိုအပ်တဲ့ ပမာဏကို တင်ပို့မှုတိုးမြှင့်ဖို့ ပါကစ္စတန်ဆန် တင်ပို့သူများ ကြိုးစားနေတယ်လို့ ဆိုပါတယ်။                  ဝယ်လက်များဟာထိုင်းနိုင်ငံ ဆန်သိုလှောင်မှု အမြောက်အမြားထဲက လိုအပ်သမျှကို ဝယ်ယူနေဆဲ ဖြစ်ပေမယ့် ဆန်၊ စပါးရေနစ်မြုပ်ပြီးတဲ့နောက်မှာ ထိုင်းဆန်ကို ဆက်လက် ဝယ်ယူ နိုင်ခြင်း မရှိတော့ဘူးလို့လည်း ဆိုပါတယ်။ လာမယ့် ၃ လမှ ၄ လအတွင်း ထိုင်းဆန်တင်ပို့သူများ သိသိသာသာ တိုးမြှင့်တင်ပို့ဖွယ်ရှိတယ်လို့လည်း ထပ်လောင်းပြောကြားပါ တယ်။ လဝန်း၊Source: riceonline