မတ်ပဲကျဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းလာ
မတ်ပဲစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၅၂၅၀၀၀ ၄၆၄၀၀၀၂ မုံရွာ ၁ ပိဿာ ၇၇၅ ၇၀၀၃ ပြည် ၁ ပိဿာ ၇၇၅ ၇၂၅၄ ဟင်္သာတ ၁ ပိဿာ ၇၈၀ ၇၁၅၅ မန္တလေး ၁ ပိဿာ ၇၅၀ ၇၅၀မတ်ပဲကျဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းလာ ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ကို အိတ်စပို့ဝယ်လက်တွေက ပြည်ပဈေးကွက်ဝယ်လိုအားအခြေအနေရယ်၊ ရန်ကုန် မှာနေ့စဉ်ဖြစ်ပေါ်နေတဲ့ ပို့ကုန်ဝင်ငွေဒေါ်လာ တစ်ယူနစ်တန်ဖိုး ဈေးအတက်အကျ ရယ်အပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၄၆၄၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၁၀၀၀၀ ကျပ်အတွင်း တန် ၄၂၅၅ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန် အဆွဲနည်း ပေမယ့် မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၅၀ ကျပ် (တစ်တန်ကို ၄၅၉၂၉၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၈၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မှာတော့ မတ်ပဲ(ကုန်ကြမ်း) ကို မြို့ခံပဲ ခွဲစက်တွေက ပစ္စည်းဝယ်ယူဖြည့်တင်းတဲ့အနေနဲ့ ဝယ်အားအသင့်အတင့်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာရှိနေကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၇၀၀ ကျပ် (တစ်တန်ကို ၄၂၈၆၇၃ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို အိတ်စပို့ အတွက် ပုံမှန်အဆွဲရှိနေတဲ့ ရန်ကုန်ဝယ်လက်က ဒီတစ်ပတ်မှာ ဈေးချအဝယ်ရှိသလို ဝယ်အားနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာ ပြီး တစ်ပိဿာကို ၇၂၅ ကျပ်(တစ်တန်ကို ၄၄၃၉၈၂ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲ (ကုန်ကြမ်း) က ယခင်တစ်ပတ်က တစ်ပိဿာကို ၇၈၀ ကျပ် (တစ် တန်ကို ၄၇၇၆၆၄ ကျပ်)နဲ့ အရောင်းအဝယ်ရှိခဲ့ရာမှ ဒီတစ်ပတ်မှာတော့ ရန်ကုန်အဆွဲ အေးသလို ရောင်းလက်များကလည်း ပစ္စည်းလက်ကျန်နည်းသွားတာ ကြောင့် တစ်ပိဿာကို ၇၁၅ ကျပ် (တစ်တန်ကို ၄၃၇၈၅၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်တော့ကြောင်း မြို့ခံပဲ ကုန်သည်တစ်ဦးက ဆိုပါတယ်။
