နှမ်းဖြူကို တရုတ်က အရည်အသွေးအပေါ်မူတည်ပြီး စိစစ်ဝယ်ယူမှုရှိနေ
သိပ္ပံနှမ်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ အောင်လံ ၁ ပိဿာ ၂၀၀၀ ၂၀၀၀နှမ်းဖြူကို တရုတ်က အရည်အသွေးအပေါ်မူတည်ပြီး စိစစ်ဝယ်ယူမှုရှိနေ မန္တလေးဈေးကွက်မှာ နှမ်းဖြူ(ခြုံကျော်)စကို တရုတ်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး စိစစ်ဝယ်ယူမှုတွေရှိနေသလို ရောင်းသူကုန်သည်များ ကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၁၅၅၆ ကျပ်(တစ်တန်ကို ၉၅၂၈၇၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ မုံရွာဈေးကွက်မှာ နှမ်းဖြူကို မန္တလေးဝယ်လက်က တစ်ပိဿာ ၁၄၃၃ ကျပ်(တစ်တန်ကို ၈၇၇၅၅၄ ကျပ်)နဲ့နေ့စဉ် အိတ် ၃၀၀ ခန့် အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ နှမ်းဖြူ(ခြုံကျော်စ)နဲ့ ရိုးရိုးစကို မန္တလေး-ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာတယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူ(ခြုံကျော်စ) တစ်ပိဿာ ၁၅၁၀ ကျပ် (တစ်တန်ကို ၉၂၄၇၀၈ ကျပ်)၊ နှမ်းဖြူ (ရိုးရိုး) စက တစ်ပိဿာ ၁၃၆၀ ကျပ်(တစ်တန်ကို ၈၃၂၈၅၀ ကျပ်)နဲ့ အိတ် ၈၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အောင်လံဈေးကွက်မှာ သိပ္ပံနှမ်းကို ရန်ကုန်အဆွဲပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၂၀၀၀ ကျပ်(တစ်တန်ကို ၁၂၂၄၇၈၀ ကျပ်)နဲ့ နေ့စဉ် အိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
