ကုလားပဲဖြူလုံးကြီး ဈေးဆက်လက်ကျဆင်း

ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ     ယခင်       ယခု     ပြောင်းလဲမှု၁ ဘုရင့်နောင်    ၁ ပိဿာ    ၁၂၀၀    ၁၁၀၀၂ မန္တလေး           ၁ ပိဿာ     ၁၀၄၈   ၉၇၈၃ မုံရွာ                ၁ ပိဿာ     ၁၀၂၆    ၉၇၄၄ မြင်းခြံ              ၁ ပိဿာ     ၁၀၁၀   ၉၇၀ကုလားပဲဖြူလုံးကြီး ဈေးဆက်လက်ကျဆင်း       မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးက ရောင်းသူ ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေသလို ဒေသတွင်းခွဲစက်များနဲ့ ရန်ကုန်ဝယ်လက်အချို့ကလည်း ဝယ်အား အေးသွားတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၇၈ ကျပ်(တစ်တန်ကို ၅၉၈၉၁၇ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၈၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးက ရောင်းလက်တွေထံမှာ ပစ္စည်းလက်ကျန်ပြတ်သွားတာကြောင့် အရောင်းအဝယ် မဖြစ်ခဲ့ဘူးလို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ မြင်းခြံဈေးကွက် မှာ ကုလားပဲဖြူလုံးကြီးကို မြို့ခံပဲခွဲစက်တွေက တစ်ပိဿာကို ၉၇၀ ကျပ် (တစ်တန်ကို ၅၉၄၀၁၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ မှ ၂၀၀ ကြားဝယ်အားရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက် မှာရှိနေကြောင်း သိရပါတယ်။