ပဲတီစိမ်းကို တရုတ်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေ

ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင်   ရေတွက်ပုံ      ယခင်     ယခု    ပြောင်းလဲမှု ၁ မုံရွာ                 ၁ ပိဿာ       ၇၈၉     ၈၄၂ ၂ မန္တလေး           ၁ ပိဿာ        ၈၅၃     ၈၅၃ ၃ ပြည်                ၁ ပိဿာ       ၇၉၀      ၇၈၅ ၄ မကွေး             ၁ ပိဿာ        ၈၁၀      ၇၉၀ ၅ မြင်းခြံ              ၁ ပိဿာ        ၆၇၅     ၆၇၅ ၆ အောင်လံ         ၁ ပိဿာ         ၉၀၀    ၈၉၀ ပဲတီစိမ်းကို တရုတ်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေ                     မန္တလေးဈေးကွက်မှာ ပဲတီစိမ်းက မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကူ၊ ငါန်းဇွန်နဲ့ ချောင်းဦးစတဲ့ ဒေသများမှ ဝင်ရောက်လျက်ရှိသလို တရုတ်ဝယ်လက်ကလည်း အရည်အသွေးနဲ့ ငွေကြေးလဲလှယ်မှုနှုန်း ထားအတက်အကျအပေါ်မူတည်ပြီး အဝယ်ရှိခဲ့ကြောင်းသိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၅၃ ကျပ် (တစ်တန်ကို ၅၂၂၃၆၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ မှ ၁၃၀၀ ကြားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ပဲတီစိမ်းကို မန္တလေးဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၈၄၂ ကျပ် (တစ်တန်ကို ၅၁၅၆၃၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အောင်လံ ဈေးကွက်မှာ ပဲတီစိမ်းကြီးကို ရန်ကုန်-မန္တလေးဝယ်လက်က တစ်ပိဿာကို ၈၉၀ ကျပ်(တစ်တန်ကို ၅၄၅၀၂၇ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့် ပုံမှန်အဝယ်ရှိပေမယ့် ရောင်းလက်များ အရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်က်ကျလာ တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ မကွေးဈေးကွက်မှာ ပဲတီစိမ်းကို ရန်ကုန်-မန္တလေးဝယ်လက်က ပုံမှန်အဆွဲရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကျနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၇၉၀ ကျပ် (တစ်တန်ကို ၄၈၃၇၈၈ ကျပ်)နဲ့ နေ့စဉ် အိတ် ၄၀၀ မှ ၅၀၀ ကြား ဖြစ်ခဲ့တယ်လို့ သိရပါတယ်။