ထိုင်ဝမ်(ကုလားပဲ) ဈေးကျပြီး အရောင်းအဝယ်ဖြစ်မှုနည်းလာ
ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ မန္တလေး ၁ ပိဿာ ၉၆၀ ၉၀၀၂ မကွေး ၁ ပိဿာ ၉၅၀ ၈၇၀၃ ပခုက္ကူ ၁ ပိဿာ ၉၅၅ ၈၇၀၄ မုံရွာ ၁ ပိဿာ ၉၂၁ ၉၀၀၅ အောင်လံ ၁ ပိဿာ ၉၂၀ ၈၅၀၆ မြင်းခြံ ၁ ပိဿာ ၉၅၀ ၉၀၀၇ ပြည် ၁ ပိဿာ ၉၅၅ ၉၁၀၈ ရေစကြို ၁ ပိဿာ ၉၂၀ ၈၇၀ထိုင်ဝမ်(ကုလားပဲ) ဈေးကျပြီး အရောင်းအဝယ်ဖြစ်မှုနည်းလာ မန္တလေးဈေးကွက်မှာ ကုလားပဲကို ရန်ကုန်ဝယ်လက်အချို့ နဲ့မြို့ခံပဲခွဲစက်တွေက အဝယ်အေးသွားတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၀၀ ကျပ် (တစ်တန်ကို ၅၅၁၁၅၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၄၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ။် မကွေးဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်များနဲ့ အမှုန့်ကြိတ်စက်များက အောက်ဈေး နဲ့အဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးအကျဘက်သို့ ဦးတည်နေကြောင်း သိရပါတယ။် အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၇၀ ကျပ်(တစ်တန်ကို ၅၃၂၇၇၉ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၅၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ အောင်လံဈေးကွက်မှာ ကုလားပဲကို ဒေသခံပဲခွဲစက် တွေက တစ် ပိဿာကို ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့် ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးက ကျရိပ်သမ်းနေကြောင်း သိရပါတယ်။ ရေစကြိုဈေးကွက်မှာ ကုလားပဲက ယခင်အပတ်နဲ့စာရင် ဈေးကျလာကြောင်း သိရပါတယ်။ မြို့ခံပဲခွဲစက်တွေက ဒီတစ်ပတ်မှာ အဝယ်အေး လာတယ်။ ဒါကြောင့် ဈေးနှုန်းကလဲ တစ်နေ့တစ်ခြားအကျဘက်မှာ ရှိနေတယ်လို့ ပဲခွဲစက် လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၇၀ ကျပ်(တစ်တန်ကို ၅၃၂၇၇၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြည်ေ် ဈးကွက်မှာ ကုလားပဲက ယခင်တစ်ပတ်က တစ်ပိဿာ ၉၅၅ ကျပ်(တစ်တန်ကို ၅၈၄၈၃၂ ကျပ်) နဲ့ အရောင်းအဝယ်ရှိခဲ့ရာမှ ယခုတစ်ပတ်မှာတော့ တစ်ပိဿာ ကို ၉၁၀ ကျပ် (တစ်တန်ကို ၅၅၇၂၇၄ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁၇၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသတွင်းခွဲစက်သမားတွေအနေနဲ့ ဈေးချအဝယ်ရှိနေသလို ဝယ် အားပါ ပါးသွားတာကြောင့် ယခုလိုဈေးတွေထိုးကျလာတယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
