ပဲစင်းငုံနီဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ

ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ     ယခင်        ယခု     ပြောင်းလဲမှု၁ ဘုရင့်နောင်         ၁ တန်     ၄၄၇၀၀၀    ၄၁၄၀၀၀၂ မန္တလေး              ၁ ပိဿာ     ၆၅၀           ၆၁၇၃ မုံရွာ                   ၁ ပိဿာ     ၆၇၀            ၆၂၀၄ ပခုက္ကူ                ၁ ပိဿာ     ၆၇၀            ၆၃၀၅ မြင်းခြံ                 ၁ ပိဿာ    ၆၅၀            ၆၂၅၆ အောင်လံ            ၁ ပိဿာ    ၆၇၅            ၆၂၅၇ မကွေး                ၁ ပိဿာ     ၆၄၀          ၆၂၅ပဲစင်းငုံနီဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ                     ဘုရင့်နောင် ဈေးကွက်မှာ ပဲစင်းငုံနီ (RC) ကို အိတ်စပို့ ဝယ်လက်တွေက ပြည်ပအဆွဲအေးနေတဲ့အပေါ် အကြောင်းပြပြီး ဈေးချ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၄၁၄၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၃၃၀၀၀ ကျပ် အတွင်း တန် ၃၂၂၉ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို လှောင်လက်ကုန်သည်တွေက ပဲသစ်မပေါ်မီ ထုတ် ရောင်းမှုတွေရှိနေသလို အိတ်စပို့ဝယ်လက်တွေက ဈေးချအဝယ်ရှိနေပေမယ့် အရောင်းအဝယ်ပုံမှန်တော့ရှိခဲ့ကြောင်း ပဲကုန်သည်တစ် ဦးကဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီကို ပြည်ပတင်ပို့ ရန်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က အောက်ဈေးနဲ့ အဝယ်ရှိနေသလိုရောင်းလက်များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၁၇ ကျပ်(တစ်တန်ကို ၃၇၇၈၄၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်မန္တလေး ဝယ်လက်နဲ့ ဒေသခံကုန်သည်အချင်းချင်း အရောင်းအဝယ် ဖြစ်ခဲ့ပေမယ့် ဈေးကတော့ ယခင်အပတ်နဲ့စာရင် ကျရိပ်သမ်းနေကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၂၀ ကျပ်(တစ်တန်ကို ၃၇၉၆၈၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်ဖြစ်ခဲ့ ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ မကွေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၆၂၅ ကျပ်(တစ်တန် ကို ၃၈၂၇၄၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ မှ ၆၀၀ ကြားဝယ်အားပုံ မှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင်ဈေးကအကျဘက်မှာ ရှိနေကြောင်း သိရပါတယ။် ပခုက္ကူဈေးကွက်မှာ တော့ ပဲစင်းငုံနီကို ရန်ကုန်အဆွဲ ခပ်ပါးပါးသာရှိသလို ရောင်းသူကုန်သည်များကလည်း ဈေးကွက် မျှော်လင့်ချက်နဲ့ အရောင်းနည်းနေတာမို့ ယခင်အပတ်နဲ့စာရင် အရောင်းအဝယ်ဖြစ်မှုနည်းလာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၆၃၀ ကျပ်(တစ်တန်ကို ၃၈၅၈၀၅ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀ ခန့်သာ ဖြစ်ခဲ့တယ်လု့ိ သိရပါတယ်။