ဝါကျွတ်ကာလ မူဆယ်-မန်း ကုန်စည် အဆင်းများ
ဝါကျွတ်ပြီးကာလမှာ မူဆယ်မှ မန္တလေးကို ကုန်စည်အဆင်းများနေကြောင်း သိရပါတယ်။ ကုန်စည်များမှာ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဖန်စီပစ္စည်းများနဲ့ မုန့်မျိုးစုံအဆင်းများလာပြီး မြေဆီသယ်ယူမှုလည်း များနေပါတယ်။ " ဒီအချိန်က ဝါကျွတ်ကာလလည်းဖြစ်၊ ဆောင်းတွင်းလည်းဖြစ်တော့ မင်္ဂလာရာသီအတွက် မင်္ဂလာအသုံးအဆောင်ပစ္စည်းတွေဝင်တယ်။ အိမ်သုံးပစ္စည်းဆို တော်တော် များများဝင်လာတယ်၊ ကုန်အဆင်းများပေမယ့် သယ်ယူစရိတ်ကပုံမှန်ပါပဲ။ မန္တလေးမှာ ရန်ကုန်-ပခုက္ကူကား၊ မုံရွာ-ရန်ကုန်ကားတွေ ဒီဘက်မှာ ပြေးနေတော့ ကားများတဲ့ အတွက် သယ်ယူစရိတ် မတက်နိုင်ဘူး။ အပြိုင်အဆိုင်ကားထွက်နေရတဲ့အတွက် ဈေးမတက်တာ၊ ကားရှားရင်တော့ တက်မှာပေါ့"လို့ စိန်ထိပ်တန်းကုန်စည် ပို့ဆောင် ရေးဂိတ်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။ အတက်ကုန်များတွင် ရော်ဘာတင်ပို့မှုမှာ ကုန်လိုက်လာပြီး ဝဥခြောက်တင်ပို့မှု မကောင်းသေးကြောင်း၊ ပြောင်းနဲ့ တင်ပို့နေကျ ကုန်များ ပုံမှန်တင်ပို့မှုရှိကြောင်း သိရပါတယ်။ အတက်ကုန်ဈေးမှာ မန္တလေးမှ မူဆယ်ကို တစ်ပိဿာ ၈၂ ကျပ်၊ ၁၀၅ မိုင်ကို ၇၈ ကျပ်ရှိပြီး၊ အဆင်းကုန်ဈေးမှာ တစ်ပိဿာကို ယခင်တစ်ပတ်က ၉၅ ကျပ်မှ ၉၂ ကျပ်ကို ကျဆင်းလာကြောင်း သိရပါတယ်။ ဇူးဇူး
