၂၀၁၂ မှာ ဖိလစ်ပိုင်က ဆန်တန်ချိန် ငါးသိန်းကို ဗီယက်နမ်နဲ့ မြန်မာဆန်များ တင်သွင်းမယ်

    ဖိလစ်ပိုင်နိုင်ငံဟာ လာမယ့်နှစ်အတွက် ကနဦးဆန်တန် ချိန် ငါးသိန်းကို ဗီယက်နမ်ဆန်အပြင် မြန်မာနိုင်ငံက ပမာဏ အနည်းငယ် တင်သွင်းမယ်လို့သိရပါတယ်။ အစောပိုင်းက စိုက်ပျိုးရေးဌာနက ဆန်တန်ချိန် ၃ သိန်းဝန်းကျင်သာ တင် သွင်းလိုခဲ့တာဖြစ်ပါတယ်။ ယခုဆုံးဖြတ်ချက်ကို နိုင်ငံတော် စားနပ်ရိက္ခာ အာဏာပိုင် NFA ကောင်စီမှ နိုဝင်ဘာ ၅ ရက်မှာကျင်းပတဲ့  အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး၊ ယခုနှစ်တတိယ သုံးလအတွင်း ဆန်စပါးစိုက်ပျိုးတဲ့ ပြည်နယ် ၁၅ ခုမှာ မုန်တိုင်းများ ထိခိုက်ခဲ့တဲ့အတွက် ပမာဏပိုမိုတင် သွင်းဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ လယ်ယာစိုက်ပျိုးရေးဝန်ကြီး Proceso J.Alcala  မှ ပြောကြားပါတယ်။     NFA အတွက်ဆန်တင်သွင်းဖို့ လိုအပ်မယ်ဆိုရင် မကြာ မီ တွက်ချက်ဖို့အချိန်လုံလုံလောက်လောက် ရှိနေပါတယ်လို့ Alcala  ကဆိုပါတယ်။ ၂၀၁၂ မှာ တင်သွင်းမယ့်ဆန်အများစု ကတော့ ဗီယက်နမ်ဆန်များဖြစ်ဖို့ များပါတယ်လို့ဆိုပါတယ်။ နိုင်ငံဆန်ဝယ်ယူမှုရဲ့ ၇၅ ရာခိုင်နှုန်းခန့်ဟာ Vinafood 2  မှာရှိတဲ့ ကုန်သည်များထံကဖြစ်ပါတယ်လို့လည်း Alcala  မှ ပြောကြားပါတယ်။    နိုင်ငံရဲ့ နေ့စဉ်စားသုံးမှုတန်ချိန် ၃၅၀၀၀ ကို အခြေခံ တွက်ချက်မှုအရ နောက်နှစ်ပထမ ၃ လပတ် ရိတ်သိမ်း ထွက်ရှိမှုမတိုင်မီ လိုအပ်တဲ့ပမာဏကို ဖြည့်ဆည်းနိုင်လိမ့် မယ်လို့ NFA  ကောင်စီမှပြောကြားပါတယ်။ ယခုနှစ် စပါး ရိတ်သိမ်းမှုဟာ တန်ချိန် ၁၆ ဒသမ ၆၈ သန်းခန့်ရှိမယ်လို့ ခန့်မှန်းထားလို့ ၂၀၁၁ ခုနှစ်မှာ ရည်မှန်းထားတဲ့ အထွက် ပမာဏ တန်ချိန် ၁၇ ဒသမ ၄ သန်းထက် အနည်းငယ်လျော့ ကျခဲ့ပါတယ်။    ယခုနှစ်စပါးထွက်ရှိမှုရည်မှန်းချက်နဲ့ လွဲချော်ရခြင်းမှာ မုန်တိုင်းများကြောင့် ထွက်ရှိမှုဆုံးရှုံးခဲ့ခြင်း ဖြစ်တယ်လို့ဆိုပါ တယ်။ နိုင်ငံအနေနဲ့ ၂၀၁၂ မှာ ဆန်တန်ချိန် ၃ သိန်းကို လျော့သွင်းဖို့စီစဉ်ထားပေမဲ့ မုန်တိုင်း များကြောင့် ခုလိုပမာဏ တိုးပြီး တင်သွင်းဖို့ ဆုံးဖြတ်ခြင်းဖြစ်တယ်လို့ Alcala မှ ပြောကြားပါတယ်။            လမင်း၊  Source: riceonline