မတ်ပဲဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်

မတ်ပဲ    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ       ယခင်             ယခု      ပြောင်းလဲမှု     ၁    ဘုရင့်နောင်        ၁ တန်       ၄၅၂၀၀၀     ၄၉၆၀၀၀            ၂      မုံရွာ                 ၁ ပိဿာ        ၆၆၅         ၇၀၀                      ၃     ပြည်                 ၁ ပိဿာ        ၇၀၀         ၇၀၀        ၄     ဟင်္သာတ           ၁ ပိဿာ         ၆၈၀        ၇၃၀            ၅    မန္တလေး              ၁ ပိဿာ         ၆၀၀        ၆၃၃        မတ်ပဲဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်    ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) ကို အိတ် စပို့အတွက် ဝယ်ယူနေတဲ့ ကုန်သည်ကြီးများက ဈေးပေးအဝယ်ရှိသ လိုဝယ်အားပါပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာ ပြီး တစ်တန်ကို အနိမ့်ဆုံး ၄၇၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၉၆၀၀၀ ကျပ်အတွင်း တန် ၃၉၁၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။ မတ်ပဲက တစ်နေ့တစ်ခြားဈေးမြင့်လာသလို ရောင်းလက် များကလည်း အရောင်းများလာတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါ တယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲသစ်တွေ ဈေးကွက်ထဲသို့စတင် ဝင်ရောက်လာပေမယ့် မတ်ပဲ(ဟောင်း)ကိုသာ ရန်ကုန်ဝယ်လက်တစ် ချို့နဲ့ ဒေသတွင်းပဲခွဲစက်များက တစ်ပိဿာ ၆၃၃ ကျပ်(တစ်တန်ကို ၃၈၇၆၄၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၆၀၀ ခန့်ပုံမှန်အဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ မုံရွာဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း) ကိုယခင်တစ်ပတ်  ကတစ်ပိဿာကို ၆၆၅ ကျပ် (တစ်တန်ကို ၄၀၇၂၃၉ ကျပ်)နဲ့ မြို့ခံ ပဲခွဲစက်တွေက အဝယ်ရှိရာမှ ဒီတစ်ပတ်မှာ ဈေးပေးအဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ၇၀၀ ကျပ် (တစ်တန်ကို ၇၂၈၆၇၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲ (ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ မတ်ပဲ (RC) ရောင်းဈေးမြင့်လာတဲ့အပေါ် မူတည်ပြီး ဈေးပေး အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့် လာပြီးတစ် ပိဿာ ၇၃၀ ကျပ်(တစ်တန်ကို ၄၄၇၀၄၄ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦး ကဆိုပါတယ်။ ပြည်ဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို ရောင်းလက် များက လက်ဝယ်ရှိပဲလက်ကျန်များကို ထုတ်ရောင်းမှုတွေရှိနေသလို ရန်ကုန်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၇၀၀ ကျပ် (တစ်တန်ကို ၄၂၈၆၇၃ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။