ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိလို့ ဈေးမြင့်လာ
ပြောင်း စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ တောင်ကြီး ၁ ပိဿာ ၂၃၀ ၂၃၅ ၂ လားရှိုး ၁ ပိဿာ ၂၇၅ ၂၈၀ ၃ မူဆယ် ၁ တန် ၂၁၈၆၉၂ ၂၁၇၈၉၇ ၄ မန္တလေး ၁ ပိဿာ ၂၆၉ ၂၇၂ ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိလို့ ဈေးမြင့်လာ တောင်ကြီးဈေးကွက်သို့ ပြောင်းက အဝင်လှိုင်နေသလို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များ ကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၂၃၅ ကျပ်နဲ့ တစ်ပတ်အ တွင်း ပိဿာချိန် ၁၀ သိန်းခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။ ပြောင်းက ဈေးကွက်သို့အဝင်များလာတယ်။ တရုတ်လည်း ဈေးပေးအဝယ်ရှိသလို ဝယ်အားလည်းများလာတယ်။ အခုလို တက် ဈေးမှာ ရောင်းလက်တွေက အရောင်းများလာတာကြောင့် အခုလို ဈေးတွေမြင့်ပြီး အရောင်းအဝယ်ဖြစ်မှုပမာဏလည်း များလာတယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ မူဆယ်မှာ ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်းအဝင် လှိုင်နေတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမဆိုသလောက်ကျနေတာ တွေ့ရပါတယ်။ မန္တလေးဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲပုံမှန် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၂၇၂ ကျပ်နဲ့ နေ့စဉ်အိတ် ၈၀၀ မှ ၁၂၀၀ ကြားအရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ မြို့ခံပြောင်းကုန်သည်တစ်ဦးကဆိုပါတယ်။ လားရှိုးဈေး ကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်ရှိသလောက် တရုတ်အဆွဲ ပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၂၈၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၀၉၀၈၀၀ ခန့်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။
