အာမခံဈေးနှုန်းတစ်ခုနဲ့ ဝယ်ယူလာပါက လာမယ့်လများမှာ ဆန်စပါးဈေးကွက် ပြန်ကောင်းလာဖွယ်ရှိ

စပါးဖြိုင်ဖြိုင်ရိတ်သိမ်းမိုးစပါးတွေ ဖြိုင်ဖြိုင်ရိတ်သိမ်းနေပါပြီ။ ရိတ်သိမ်းမှုအနေနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ၅၀ရာခိုင်နှုန်း လောက် ပြီးနေပြီဖြစ်ပေမဲ့ ပဲနဲ့နွေစပါး နောက်ထပ်စိုက်ပျိုးဖို့ ပြင်ဆင်နေတဲ့အတွက် စပါးအဖြစ်တော့ ရာခိုင်နှုန်းအချို့လောက်ဘဲ သိမ်းရသေးတယ်လို့ သိရပါတယ်။ နေရာအချို့မှာ အထူးပြုကုမ္ပဏီကြီးများရဲ့ ကျေးဇူးကြောင့် Combine harvester  လို့ခေါ်တဲ့ ရိတ်သိမ်းခြွေလှေ့စက်တွေနဲ့ ရိတ်နေတာတွေ့ရပြီး လယ်ကွင်းတော်တော်များများမှာတော့ လုပ်အားနဲ့ ရိတ်သိမ်းနေကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ စပါးခြွေလှေ့စက်ကတော့ ဒေသအသီးသီးမှာရောက်ရှိနေပြီဖြစ်လို့ အရင်လို နွားနဲ့နယ်ရတဲ့ ခေတ်ကတော့ ကုန် သလောက်ရှိနေပါပြီ။ ပြောချင်တာကတော့ စက်မှုလယ်ယာအဖြစ် အပြည့်အဝမဆောင်ရွက်နိုင်သေးပေမဲ့ တစိတ်တစ်ပိုင်း အသုံးချလာနိုင်တဲ့အတွက် လယ်ကွင်းထဲကစပါးနှံတွေ အလေအလွင့်နည်းပြီး စပါးမြန်မြန် ဖြစ်ပြီပေါ့။အရင်နှစ်များက ဆန်စပါးအရောင်းအဝယ်ကောင်းတဲ့ကာလဒါပေမဲ့ တောင်သူအများစုကတော့ စပါးပြီး ပဲစိုက်ဖို့အားသန်နေလို့ စပါးေ>ခဖို့ အသာထားပြီး ပဲစိုက်ဖို့ ပြင်ဆင်နေကြတဲ့အတွက် ဈေးကွက်ထဲကို စပါးများများရောက်မလာသေးသလို ကျီဝင်ပုပ်ဝင်ဖို့ လည်း အချိန်ယူနေကြပါတယ်။ အရင်နှစ်တွေက ခုလိုအချိန်တွေမှာဆို နယ်ကုန်သည်၊ တောပွဲစားတွေက လယ်ကွင်းထဲအထိသွားပြီး စပါးဝယ်ယူနေကြတာ ခြေချင်းလိမ်နေတယ်ဆိုပဲ။ ဆန်စက်တွေမှာလည်း သူ့ထက်အပြိုင်ကြိတ်ပြီး ဈေးကွက်ကိုတင်ပို့ကြလို့ ခုလိုအချိန်မှာ ဆန်အရောင်းအဝယ်ကောင်းတဲ့ ကာလ ပါပဲ။အသုံးလိုသလောက်သာ ရောင်းချမှုရှိလို့ ဈေးကွက်ဝင်ရောက်မှုနည်းဒါပေမဲ့ ဒီနှစ်အခြေအနေကတော့ ဆန်တင်ပို့သူတွေ အဝယ်နည်းနေသလို နယ်ကုန်သည်ကြီးတွေ ကလည်း ပဲပိုက်ထားမိတဲ့ ကုန်သည်အချို့က ပဲဈေးကလည်းမတက်တော့ ငွေကြပ်ပြီး ဝယ်အားမရှိကြဘူး။  တချို့ကြတော့လည်း အနည်းအကျဉ်းဝယ်ကြပေမဲ့ ဈေးထပ်ကျမယ်မှန်းပြီး များများမဝယ်ကြဘူး။ မအူပင် ခရိုင်ဘက်မှာလည်း ဒီလိုပဲ တောင်သူတွေကလည်း မနှစ်က ဒီအချိန်စပါးပေါင် ၅၀ ကိုက် တင်း ၁၀၀ ကို ကျပ် ၃၇၅၀၀၀-၃၈၀၀၀၀ ရောင်းရပြီး၊ ဒီနှစ်မှ ကျပ် ၂၉၀၀၀၀-၃၀၀၀၀၀ ဈေးသာရှိလို့ လတ် တလောကြွေးဆပ်ဖို့နဲ့ အသုံးလိုသလောက်သာ ရောင်းချနေကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း လတ်တလော ဆန်အရောင်းအဝယ်နည်းသလို ဆန် ဈေးကွက်လည်းအေးနေပါတယ်။ မနှစ်က ဒီလိုအချိန် မှာ မအူပင်မြို့နယ်ကနေ တစ်ရက်ကို ဆန်အိတ် ၂၅၀၀-၂၇၀၀ လောက် ရန်ကုန်ဈေးကွက်ကို တင်ပို့မှုရှိ ပေမဲ့ ဒီနှစ်အနေအထားမှာတော့ တစ်ရက် အိတ် ၁၂၀၀-၁၃၀၀ လောက်သာ တင်ပို့တာရှိပါတယ်လို့ ဒေသခံတွေက ဆိုပါတယ်။မနှစ်ကစပါးဈေးနဲ့ ဒီနှစ်စပါးဈေး ကွာခြားမှုများ၂၀၁၀ ဒီဇင်ဘာလဆန်းပိုင်းက ပုသိမ်မြို့နယ်မှာ ဧည့်မထ စပါးသစ်တင်း ၁၀၀ ကို ကျပ် ၃၆၀၀၀၀ ကျပ်ရှိပြီး ဆန်သစ်တစ်အိတ် ၁၃၃၀၀ ကျပ်ရှိပြီး ပြည်ဈေးကွက်မှာတော့ ဧည့်မထစပါးသစ် တင်း ၁၀၀ ကို ကျပ် ၃၁၀၀၀၀၊ ဆန်တစ်အိတ် ၁၃၀၀၀ ကျော်ရှိခဲ့ပါတယ်။ လက်ရှိ ၂၀၁၁ ဒီဇင်ဘာလ ဆန်းပိုင်းမှာ တော့ ပုသိမ်မြို့နယ်မှာ ဧည့်မထစပါးသစ်အခြောက် တင်း ၁၀၀ ကို ကျပ် ၃၂၀၀၀၀ ကျပ်ခန့်ရှိပြီး ဆန်သစ်တစ်အိတ်ဈေးမှာ ၁၂၀၀၀-၁၂၅၀၀ ကျပ်ခန့် ရှိနေပါတယ်။ ပြည်ဈေးကွက်ကို ကြည့်မယ်ဆိုရင် ဧည့်မထ စပါးသစ် တင်း ၁၀၀ ကို ကျပ် ၂၇၆၀၀၀-၂၈၅၂၀၀ ကျပ်ဝန်းကျင်ရှိပြီး ဆန်သစ်တစ်အိတ် ၁၁၂၀၀-၁၂၀၀၀ ကျပ်ဝန်းကျင်ရှိနေပါတယ်။ စပါးဈေး ပဲဈေးကျလို့ တောင်သူများ အားမတက်ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဘက်မှာ ဒီနှစ်အချို့လယ်မြေတွေမှာ စပါးအထွက်နှုန်း ကောင်းပေမဲ့ ရေကြီးနစ်မြုပ်တဲ့အတွက် ထိခိုက်တဲ့ မြေတွေပါရှိတဲ့အတွက် အထွက်ပျမ်းမျှကို တွက် မယ်ဆိုရင် မနှစ်ကထက်လျော့မယ်လို့ဆိုပါတယ်။ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်းမှာ ရေတော်မိုး တော်မိတဲ့ တောင်သူတွေ ဒီနှစ်စပါးအထွက်က ပုံမှန်ထက် ၅ တင်း-၁၀ တင်းပိုတယ်လို့ ဆိုပါတယ်။ တချို့တောင်သူတွေက ဗဟုသုတရလာလို့ မျိုးပြောင်းစိုက်ပျိုးလာကြတာလည်း ပါတဲ့အတွက် အထွက်ပို တယ်လို့လည်း ဆိုပါတယ်။  များသောအားဖြင့်  တောင်သူတွေဟာ စပါးထွက်လာပြီဆိုတာနဲ့ တချို့ တစ်ဝက်ကို ဝမ်းစာထားပြီး တချို့တစ်ဝက်ကို ပေးဆပ်ရန်ရှိသည့် ကြွေးအတွက်ရောင်းသလို လှူတန်းဖို့နဲ့ နောက်ထပ်ပဲ တစ်သီးစိုက်ဖို့ အရင်းအတွက်ရောင်းကြပါတယ်။ ဒါပေမဲ့ ဒီနှစ်တော့ စပါးဈေး၊ ဆန်ဈေး မကောင်းတဲ့အပြင် ပဲဈေးကလည်း အကျဘက်ဆင်းနေတော့ တောင်သူတွေ အားမတက်နိုင် ဖြစ်ရပါတယ် လို့ လယ်သမားအသိုင်းအဝိုင်းက ဆိုပါတယ်။                    တောင်သူတို့ရဲ့ ရင်တွင်းစကားဒါနဲ့ပတ်သက်လို့ ညောင်တုန်းဘက်မှာရှိတဲ့ တောင်သူတစ်ချို့က " ဇန်နဝါရီ- ဖေဖော်ဝါရီလဆိုရင် စိုက်ဘဏ်ကြွေးဆပ်ရတော့မယ်။ စပါးဈေးကလည်း မကောင်း၊ စိုက်ထားတဲ့ ပဲဈေးလည်းကျနေတော့ ဒီစပါးဈေးနဲ့ဆိုရင် အကြွေးဆပ်နိုင်ဖို့ အတော်ကြီုးစားရမှာပဲ"လို့ ဆိုပါတယ်။ ပဲခူးဘက်က တောင်သူအချို့ ကတော့ "တောင်သူအနည်းစုအတွက် ဒီနှစ်အနေအထားက ခံသာတယ်ဆိုပေမဲ့ အများစုအတွက်တော့ စပါးတင်း ၁၀၀ ကို ကျပ် ၃၅၀၀၀၀-၄၀၀၀၀၀ ကြားလောက်နဲ့ရောင်းရမှ ဘဏ်ကြွေးတွေ ဆပ်နိုင်ပါမယ်။ လက်ရှိဈေးအတိုင်းသာ ကြွေးဆပ်ချိန် ဇန်နဝါရီ- ဖေဖော်ဝါရီလအထိဆက်ရှိနေရင် ကျွန်တော်တို့ တောင် သူတွေအတွက်တော့ အခက်အခဲရှိနိုင်ပါတယ်"လို့ ရင်ဖွင့်ပါတယ်။ဈေးကွက်အနေအထားအရ ဆန်တင်ပို့သူများ လှုပ်ရှားမှုတုံ့ဆိုင်းမနှစ်က ဒီလိုအချိန်မှာ စပါးဆန်ဈေးက တစ်တင်း ၃၅၀၀-၃၆၀၀ အထက်မှာရှိသလို ပဲဈေးက လည်း ကောင်းခဲ့တဲ့အတွက် တောင်သူတွေ တွက်ခြေကိုက်ခဲ့ပါတယ်။ ဒါ့အပြင် ဆန်တင်ပို့သူတွေ အဝယ်ရှိနေလို့လည်း ဆန်ဈေးကွက်က သွက်သွက်လက်လက်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ အနေအထား ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ် နိုင်ငံတကာ ဆန်ဈေးကွက်အရရော ဝယ်လိုအားအရပါ ဆန်တင်ပို့သူတွေ အနေနဲ့ ပြည်တွင်းဈေးကွက်မှာ သွက်သွက်လက်လက် ဖြစ်မလာခဲ့ဘူး။ အာရှဈေးကွက်မှာ ဆန်ထိပ်တန်းတင်ပို့သူများက ဆန်ဈေးမြှင့်လိုတဲ့ဘက်မှာရှိအာရှဆန်ဈေးကွက်ကို ကြည့်မယ်ဆိုရင် ထိုင်းအစိုးရသစ်ရဲ့ မူဝါဒအရ လုပ်ခလစာတွေကို တိုးမြင့် ပေးသလို အခြေခံလူတန်းစားဖြစ်တဲ့ တောင်သူတွေရဲ့ လူမှုဘဝမြင့်မားဖို့ တောင်သူတွေဆီက စပါးကို ဈေးကွက်ပေါက်ဈေးထက် တစ်ဆပိုပေးပြီး ဝယ်ယူ ခဲ့တဲ့အတွက် အာရှအခြေခံစံနှုန်း ထိုင်းဆန်တင် ပို့ဈေးက အမြင့်မှာရောက်ရှိနေခဲ့ပါတယ်။ ဒုတိယ ဆန်အများဆုံးတင်ပို့တဲ့ ဗီယက်နမ်နိုင်ငံအနေ နဲ့လည်း ပြည်တွင်းဈေးက မြင့်နေတဲ့အတွက် ဆန် တင်ပို့ဈေးကိုလည်း ထိုင်းလိုပဲ အမြင့်ဘက်မှာ ရှိနေ စေချင်သူဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာလ ဆန်းပိုင်းမှာတော့ ဗီယက်နမ်ဆန်တင်ပို့သူတွေ ကလည်း ဆန်ဈေးကွက် ပြန်လည်ရရှိနိုင်ဖို့ ဆန် ဈေးတွေ လျှော့ချလာတာ တွေ့ရပါတယ်။လျှော့ဈေးနဲ့ ဈေးကွက်နေရာယူဖို့ ပြင်ဆင်သူများလည်းရှိဒါပေမဲ့ စက်တင်ဘာလအတွင်းမှာ ဆန်ဈေးကွက်အတွင်းက တကြော့ပြန်ဝင်လာတဲ့၊ ဘာစမာတီ မဟုတ်တဲ့ ဆန်တင်ပို့မှုကို ၃ နှစ်လောက်ရပ်ထားခဲ့တဲ့ အိန္ဒိယက သူရဲ့ စပါးဟောင်း၊ ဆန်ဟောင်းတွေကို ဈေးလျှော့ချပြီး ဈေးကွက်တွေကို ရယူခဲ့ပါတယ်။ ကမ္ဘာ့ဆန်တင်ပို့မှု တတိယအဆင့်ကို အိန္ဒိယနဲ့ အပြိုင် လုနေရတဲ့ ပါကစ္စတန်ကလည်း သူရဲ့ ရှိနေပြီးသားဈေးကွက်တွေ အပါမခံရအောင် အပြိုင်ဈေးချရောင်းချ ခဲ့ပါတယ်။ အာရှဆန်ဈေးကွက်မှာ ဆန်တင်ပို့မှုအကြီးဆုံး ၂ နိုင်ငံက ဈေးထိန်းထားပေမဲ့ အောက်ဈေးနဲ့ ရောင်းတဲ့ အိန္ဒိယ၊ ပါကစ္စတန်တို့ဟာ ဆန်တင်သွင်းနိုင်ငံတွေရဲ့ စိတ်ဝင်စားမှုရရှိလာခဲ့ပါတယ်။ အထူး သဖြင့် အိန္ဒိယဆန်ဟာ ဝယ်လက်ကြီးဖြစ်တဲ့ အာဖရိကဈေးကွက်ကို လွမ်းမိုးလာနိုင်ခဲ့ပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်တို့မှ ဆန်ဈေးလျှော့ချခြင်းကြောင့် မြန်မာ့ဆန်တင်ပို့ဈေးလည်းလျော့လာသြဂုတ်လအတွင်းမှာ ၂၅ မှတ်ဆန်ဈေးဟာ ထိုင်းဆန်က တစ်တန်  ကန်ဒေါ်လာ-၅၃၅ ရှိချိန်၊ ဗီယက်နမ်က ကန်ဒေါ်လာ ၅၁၀ နဲ့ ပါကစ္စတန်က ကန်ဒေါ်လာ ၄၅၀  အသီးသီးရှိခဲ့ရာမှ  လက်ရှိမှာ ထိုင်း ၂၅ မှတ်ဆန်က ကန်ဒေါ်လာ ၅၇၅-၅၈၅ ရှိချိန် ဗီယက်နမ်က ကန်ဒေါ်လာ ၅၀၀-၅၁၀ ဈေးရှိပြီး အိန္ဒိယနဲ့ ပါကစ္စတန်တို့က ၂၅ မှတ်ဆန် တစ်တန် ကန်ဒေါ်လာ ၃၈၅-၃၉၅ ဈေးတွေနဲ့ ရောင်းချနေပါ တယ်။ ဒီအချိန်မှာ မြန်မာ့ဆန်တင်ပို့မှုကလည်း နိုဝင်ဘာလအတွင်းမှာ အရည်အသွေးမြင့် ဆန် တန် ထောင်ဂဏန်းသာ တင်ပို့နိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် တင်ပို့ဈေးမှာလည်း သြဂုတ်လအတွင်းမှာ အများစုတင်ပို့တဲ့ ၂၅ မှတ်ဆန်တစ်တန်ဈေးဟာ ကန်ဒေါ်လာ ၄၁၀ လောက်အထိ ရရှိခဲ့ရာမှ နိုဝင်ဘာလ မှာ ကန်ဒေါ်လာ ၃၆၀ ကို လျော့ကျခဲ့တာကို သက်ဆိုင်ရာစာရင်းများအရ သိရပါတယ်။ ဒါကိုကြည့်ခြင်း အားဖြင့် ထိုင်းနဲ့ ဗီယက်နမ်တို့က ဆန်ဈေးကို မြှင့်တင်လိုပေမဲ့ အိန္ဒိယနဲ့အပြိုင် ပါကစ္စတန်က ဆန်ဈေး ဆွဲချနေတဲ့ အနေအထားရှိပြီး မြန်မာဆန်ဈေးလည်း အလိုလို ဈေးလျော့ကျတာကို တွေ့ရပါတယ်။အိန္ဒိယဆိပ်ကမ်းက တင်ပို့တာထက် မြန်မာဆိပ်ကမ်းက တင်ပို့မှု ကုန်ကျစရိတ်ပိုများမြန်မာ့ဆန်ဈေးကွက်အနေအထားကို သိရဖို့ ဆန်စပါးလုပ်ငန်းမှာ ထဲထဲဝင်ဝင် လုပ်နေတဲ့ ဆန်လုပ်ငန်းရှင်များကို မေးမြန်းကြည့်တဲ့အခါ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း ဒုတိယဥက္ကဌဖြစ်တဲ့ ဦးအောင်သန်းဦး ပြောကြားချက်အရ "လက်ရှိအခြေအနေမှာ အိန္ဒိယကို ယှဉ်ပြီးရောင်းချနိုင်ဖို့ ခဲယဉ်း တယ်လို့ ဆိုပါတယ်။ အိန္ဒိယရောင်းလက်တွေက တချို့က ကန်ဒေါ်လာ ၃၆၅ နဲ့တောင် ဆန်ဟောင်းတွေ ထုတ်ရောင်းနေတာဆိုတော့ အဲဒီဈေးကိုယှဉ်ရောင်းဖို့ဆိုရင် ကျွန်တော်တို့ဆန်ကို ကန်ဒေါ်လာ ၃၂၅ ဈေးလောက်နဲ့ရောင်းချမှ အာဖရိကဈေးကွက်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် အာဖရိက ဈေးကွက်ကို တင်ပို့ဖို့ဆိုရင် အိန္ဒိယဆိပ်ကမ်းက တင်ပို့တာက ရန်ကုန်ဆိပ်ကမ်းမှာ တင်တာထက်  fright chargesက တစ်တန် ကန်ဒေါ်လာ ၄၀ လောက်သက်သာနေတာကြောင့်ပဲ ဖြစ်ပါတယ်။ လတ်တလော မှာ ထိုင်းဈေးကွက်တချို့ဖြစ်တဲ့  quality market  ကိုတော့ ပမာဏအနည်းငယ်တင်ပို့ရောင်းချရတာတော့ ရှိပါတယ်"လို့ ဆိုပါတယ်။ကုန်သည်များ ငွေကြေးလည်ပတ်မှု နှေးနေဆက်လက်ပြီးလည်း "လက်ရှိဖြစ်နေတဲ့အခြေအနေက ကုန်သည်တွေ ငွေကြေးလည်ပတ်မှု နှေးနေ ပါတယ်။ အမေရိကန် စီးပွားရေးပိတ်ဆို့မှုကြောင့် ဘဏ်ပိုင်းဆိုင်ရာ ငွေကြေးအလွှဲအပြောင်းကိစ္စတွေမှာ လည်း ကြန့်ကြာမှုဖြစ်ရတော့ အရင်းအနှီးကျလာပါတယ်။ နောက်ပြီး အရင် ၂၀၀၈ ခုနှစ်လောက်က ပို့ကုန်ဝင်ငွေလဲလှယ်နှုန်းက တစ်ဒေါ်လာ ၁၃၀၀ လောက်ရှိစဉ်က ဆန်တစ်တန် ကန်ဒေါ်လာ ၂၅၀-၂၆၀ နဲ့လည်း တင်ပို့နိုင်ပါတယ်။ မနှစ်ကလည်း ဆန်တစ်ဒေါ်လာ ၃၁၀-၃၂၀ နဲ့ ရောင်းတဲ့အချိန် တစ်ဒေါ်လာလဲလှယ်နှုန်း ကျပ် ၁၀၀၀ ဝန်းကျင်ရှိတော့ အဆင်ပြေပါသေးတယ်။ လက်ရှိပြည်ပဈေး ကွက်အရ ပြည်တွင်းပို့ကုန်ဝင်ငွေလဲလှယ်နှုန်းနဲ့က အိန္ဒိယကို ယှဉ်နိုင်ဖို့ ခက်ခဲနေပါတယ်။ သတင်းတွေ အရ တရုတ်၊ ဗီယက်နမ်တို့က ဆန်စပါးကဏ္ဍမှာ လာရောက်ရင်းနှီးမြှုပ်နှံမှုများလာလို့ ထုတ်လုပ်မှုတွေ တက်လာရင်တော့ ဆန်စပါးကဏ္ဍတိုးတက်မယ်လို့ မျှော်လင့်ရပါတယ်"လို့ ဆိုပါတယ်။ဆန်ဈေးကွက်မှာ ဝယ်လက်ပျောက်နေမြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း တွဲဖက်အတွင်းရေးမှူး ဦးမျိုးသူရအေးကလည်း " ကမ္ဘာ့ဈေး ကွက်မှ မမျှော်မှန်းထားတဲ့ လက်တင်အမေရိကားဈေးကွက်က ဆန်တန်ချိန် ၂ သန်းကို အာဖရိကကို တင်ပို့တယ်လို့ ကြားပါတယ်။ ဒါ့အပြင် အာဖရိကနိုင်ငံအချို့ကို နှစ်စဉ် မြန်မာနိုင်ငံက ဝယ်ယူပြီး လှူဒါန်းနေတဲ့ Doner တွေကလည်း ဒီနှစ် ဥရောပကြွေးမြီပြဿနာကြောင့် အဝယ်ရပ်ထားတဲ့အတွက် လတ်တလော မြန်မာဆန်ဈေးကွက်မှာ ဝယ်လက်ပျောက်နေပါတယ်။ ကျွန်တော်တို့နိုင်ငံတစ်ခုတည်း မဟုတ်ပါဘူး။ ထိုင်းနဲ့ ဗီယက်နမ်တို့ကလည်း လက်ရှိအနေအထားအရ ဝယ်လက်မရှိဖြစ်နေပါတယ်" လို့ ဆိုပါတယ်။ပြည်တွင်းဈေးကွက်မှာ ဝယ်ယူစုဆောင်းပေးတဲ့ ကုန်သည်များ ဝယ်လိုအားနည်းဆက်လက်ပြီး "ပြည်တွင်းဈေးကွက်မှာလည်း ပြည်ပတင်ပို့သူတွေအနေနဲ့  လက်ရှိမြန်မာငွေလဲ လှယ်နှုန်းအရ အိန္ဒိယဈေးနဲ့ပြိုင်ပြီး တင်ပို့နိုင်မယ့် အနေအထားမရှိပါဘူး။ ပြည်တွင်းကုန်သည်တွေ အနေနဲ့လည်း နယ်ကုန်သည် တော်တော်များများဟာ ပဲဈေးကျဆင်းတဲ့အတွက် ငွေမလည်နိုင်တော့ စပါးဝယ်ယူစုဆောင်းတဲ့ ကုန်သည်နည်းနေပါတယ်။ ကုန်သည်ပွဲစား ၊ ဝယ်ယူစုဆောင်းပေးတဲ့ ဈေးကွက် ပျက်နေတဲ့အခြေအနေဖြစ်နေပါတယ်။ စပါးဈေးကွက်မှာ ဝယ်လိုအားနည်းနေတော့ စိုက်ပျိုးစရိတ် ဆပ်ရမယ့် တောင်သူတွေ  အခက်အခဲဖြစ်ရပါတယ်။ အဲဒီလို တောင်သူတွေအနေနဲ့ နွေစပါး စိုက်ဖို့ အခက်အခဲရှိလာနိုင်တဲ့အတွက် အကျိုးဆက်အနေနဲ့ နွေစပါးထုတ်လုပ်မှုကျဆင်းမှာကို စိုးရိမ်ရပါတယ်။ ဒါ့အပြင် စပါးအစားအခြားဝင်ငွေပိုရတဲ့ အရင်း နည်းတဲ့ ပင်လယ်နှမ်းတို့လို အခြားသီးနှံတွေ ပြောင်းလဲစိုက် ပျိုးလာကြတာလည်း တွေ့ရပါ တယ်။ ဒါကြောင့် စပါးပေါ်ချိန် ကြွေးဆပ်တဲ့ကာ လမှာ ဈေးနှုန်းတစ်ခုနဲ့ထိန်းပြီး ဝယ်ယူပေးမယ် ဆိုရင် တောင်သူတွေအတွက် အာမခံတစ်ခုရှိနေ မှာပါ"လို့ အကြံပြုပါတယ်။တောင်သူများရဲ့ မျှော်လင့်ချက်များလက်ရှိဆန်စပါးဈေးကွက်အခင်းအကျင်းမှာ စပါး၊ ဆန်ဈေးကွက်အေးစက်စက်ဖြစ်နေတဲ့အပေါ် စိုက်စရိတ်ကြွေးပေးဆပ်ရမယ့် တောင်သူအများ စုကတော့ ဈေးကောင်းကောင်းနဲ့ရောင်းရအောင် ပြီးခဲ့တဲ့ ဇွန်-ဇူလိုင်လမှာ သတင်းကြားခဲ့ရတဲ့ အရံဆန် စပါးအတွက် အစိုးရက ဈေးနှုန်းတစ်ခုနဲ့ ဝယ်ယူမလားဆိုတာကို မျှော်လင့်စောင့်စားနေကြသလို ဇန်န ဝါရီ- ဖေဖော်ဝါရီလမှာ အကျေဆပ်ရမယ့် စိုက်ပျိုးရေး ဌာနက ထုတ်ချေးပေးထားတဲ့ တစ်ဧက ကျပ် ၄၀၀၀၀ နှုန်းကို တောင်သူတွေကို ဖြေလျှော့ပေးတဲ့အနေနဲ့ ကြွေးဆပ်ကာလကို နောက်ဆုတ်ပေး မလားဆိုတာလည်း လိုလားနေကြတယ်လို့ ကြားသိရပါတယ်။တောင်သူများ ထိုက်သင့်တဲ့ အကျိုးအမြတ်ရမယ့် ဈေးတစ်ခုနဲ့ စပါးဝယ်ယူမယ့် အစီအစဉ် ရှိလာမယ်ဆိုရင်နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူ့အသံကိုနားထောင်ပြီး ပြည်သူတွေရဲ့ လိုလားချက်ကို အတတ်နိုင် ဆုံးဖြည့်ဆည်းပေးနေတာ အခုဆိုရင် သာဓက တော်တော်များများ ရှိနေပါပြီ။ ဒါကြောင့်တောင်သူများ အတွက် ထုတ်လုပ်မှုစရိတ်ကာမိပြီး ထိုက်သင့်တဲ့ အကျိုးအမြတ်ရှိစေမယ့် ဈေးနှုန်းတစ်ခုကို အနိမ့်ဆုံးဈေး သတ်မှတ်အခြေခံထားပြီးဝယ်ယူဖို့ အစီအစဉ်တွေကြားနေရတဲ့အတွက်   စိုးရိမ်နေကြတဲ့ စပါးဈေး အတွက်တော့ မကြာခင်မှာ အာမခံဈေးနှုန်းတစ်ခုနဲ့ ရောင်းချနိုင်တော့မယ်လို့မျှော်လင့်မိပါတယ်။ စီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့လာနိုင်လို့ ဆန်တင်ပို့သူများ အခက်အခဲများ လျော့ပါးလာ ဖွယ်ရှိပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဟီလာရီကလင်တန် မြန်မာ နိုင်ငံကိုလာရောက်ပြီး နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နဲ့တွေ့ဆုံစဉ် မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ်ကို ကူညီပံ့ပိုးပေးနိုင်ဖို့အတွက်  World Bank Mission စေလွှတ်ပြီး ညှိနှိုင်းပေးလိုကြောင်းနဲ့ စီးပွားရေးပိတ် ဆို့မှု၊ ခရီးသွားလုပ်ငန်းကန့်သတ်မှု၊ သွင်းကုန်တင်ပို့ခြင်း ကန့်သတ်မှုများကို လျှော့ချရုပ်သိမ်းနိုင်အောင်    Road Mapရေးဆွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆွေးနွေးတယ်လို့ ဒီဇင်ဘာ ၂ ရက် နိုင်ငံပိုင် သတင်းစာများ၏ ဖော်ပြချက်အရသိရပါတယ်။ ဒါတွေဟာ နိုင်ငံတော်အစိုးရသစ်ရဲ့ နိုင်ငံနဲ့ ပြည်သူတွေ အပေါ် စိတ်ရင်း၊ စေတနာကောင်းတွေနဲ့ ဆောင်ရွက်ပေးနေတဲ့ အကျိုးဆက်တွေဘဲ ဖြစ်လို့ မကြာ တော့သောကာလမှာ စီးပွားရေးပိတ်ဆို့မှုတွေ ဖြေလျှော့လာနိုင်တဲ့ အခြေအနေရှိလို့ ဆန်တင်ပို့သူများ အတွက် ငွေကြေးဆိုင်ရာ အလွဲအပြောင်းတွေမှာ ကြန့်ကြာမှုတွေ အခက်အခဲဖြစ်မှုတွေ ပပျောက်လာနိုင် တော့မယ်လို့ ယုံကြည်ရပါတယ်။လာမယ့်လများမှာ ဆန်ဈေးကွက် ပြန်လည်ကောင်းမွန်လာနိုင် ကမ္တာ့ဆန်ဈေးကွက်ကို ကြည့်ရင်လည်း ထိုင်းနဲ့ ဗီယက်နမ်တို့အနေအထားအရ လက်ရှိဆန်ဈေး အောက်ကို များများမကျဆင်းနိုင်ဘူးလို့ အချို့သော လေ့လာဆန်းစစ်သူများက သုံးသပ်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင်  အိန္ဒိယနဲ့ ပါကစ္စတန်တို့ကလည်း အနိမ့်ဆုံးဈေးကို လျှော့ချထားပြီးဖြစ်လို့ အကျတန့်မယ့် အနေအထားရှိနေပါတယ်။ ဆန်ဝယ်လက်များဖြစ်တဲ့ ဖိလစ်ပိုင်ကလည်း ၂၀၁၂ အတွက် ဆန်တင်သွင်းမှုကို မကြာမီစတင်တော့မှာဖြစ်သလို ဥရောပကြွေးမြီကိစ္စ ပြေလျော့လို့ အာဖရိကဆန် အလှူရှင်များလည်း အဝယ်ပြန်ထွက်မယ်ဆိုရင် လာမယ့်လတွေမှာ ဆန်ဈေးကွက်အနေအထားလည်း ပြန်လည်ကောင်းမွန်လာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့် မြန်မာဆန်တင်ပို့သူများလည်း နိုင်ငံ တကာဈေးကွက်မှာ ပြန်လည်တင်ပို့လှုပ်ရှားလာနိုင်တော့မှာဖြစ်သလို အကျိုးဆက်အနေနဲ့ ပြည်တွင်းဆန် စပါး ဈေးကွက်မှာလည်း ပုံမှန်ပြန်လည် လည်ပတ်လာနိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် တာဝန်ရှိတဲ့သူ တွေကလည်း အာမခံဈေးနှုန်းတစ်ခုနဲ့ တောင်သူတွေဆီက စပါး၊ ဆန်ဝယ်ယူဖို့ စီစဉ်ပေးမယ်ဆိုရင် တောင်သူတွေလည်း ထိုက်သင့်တဲ့အကျိုးအမြတ်ရရှိနိုင်မှာဖြစ်လို့ တောင်သူများ အားမပျက်ဘဲ ဆတက် တိုးပြီး နွေစပါးနဲ့ ပဲများ အရှိန်မပျက်စိုက်ပျိုးနိုင်ရေး သတင်းပေး အကြံပြုရေးသားလိုက်ပါတယ်။