အိန္ဒိယ ၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့မှ ကမ္ဘာ့ဆန်ဈေးကွက်အတွင်း ဈေးနှုန်းယှဉ်ပြိုင်ရောင်းချလာကြခြင်းကြောင့် ၂၀၁၂ ခုနှစ်အတွက် ဗီယက်နမ်ဆန်တင်ပို့မှု ပမာဏကို မခန့်မှန်းနိုင်သေး

    ၂၀၁၁ ခုနှစ်အတွင်း ဗီယက်နမ်ဆန် တင်ပို့မှုပမာဏ မြင့်မားသော်လည်း လာမယ့်နှစ်မှာ ဘယ်လိုပြောင်းလဲသွားမှာ ကို မတွက်ဆကြောင်း ဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA) က ပြောကြားတယ်။ အဓိကမှာ အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြန်မာနိုင်ငံတို့မှ ဆန်တင်ပို့မှုဈေးနှုန်းကို လျှော့ချပေးပြီး ဈေး ကွက်အတွင်း ဈေးနှုန်းယှဉ်ပြိုင် ရောင်းချလာကြခြင်းကြောင့် ၂၀၁၂ ခုနှစ်အတွက် ဗီယက်နမ်ဆန်တင်ပို့မှုပမာဏကို မခန့်မှန်း နိုင်သေးကြောင်း VFA ကဆိုပါတယ်။ ၂၀၁၁ ခုနှစ်၊ ပထမ ၁၁ လအတွင်း ဗီယက်နမ်က  FOB စနစ်နဲ့ ဆန် တန်ချိန် ၆ ဒသမ ၇ သန်းကျော်ကို တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၃ ဒသမ ၂၉ ဘီလီယံရရှိပြီးဖြစ်ရာ ဝင်ငွေအနေနဲ့ တစ်နှစ် ထက်တစ်နှစ် ၂၃ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ခဲ့သလို တန် ချိန်အနေနဲ့ ၇ ဒသမ ၅၉ ရာခိုင်နှုန်း တိုးမြှင့်တင်ပို့နိုင်ခဲ့တယ် လို့ (VFA) အထွေထွေအတွင်းရေးမှူး   Huynh Minh Hue  က ပြောကြားပါတယ်။    ဒါ့အပြင်ယခုနှစ်ဆန်တင်ပို့မှုဈေးနှုန်း (ပျမ်းမျှ FOB နှုန်း) မှာ တစ်တန်ကို ၄၈၈ ဒသမ ၆ ဒေါ်လာဖြစ်ရာ ယခင် နှစ်ကထက် တစ်တန်ကို ၆၂ ဒေါ်လာပိုမို ဈေးရရှိခဲ့ကြောင်း၊ ဒါပေမဲ့ ဈေးသက်သာတဲ့ အိန္ဒိယ ၊ ပါကစ္စတန် နဲ့မြန်မာနိုင်ငံမှ ဆန်တွေကြောင့် ဗီယက်နမ်ဆန်ဖြူတင်ပို့မှုများစွာကျဆင်းခဲ့ပြီး ဆန်မွှေးနဲ့ ကောက်ညှင်းဆန်အချို့သာ တင်ပို့ခဲ့ရကြောင်း၊ လက်ရှိမှာတရုတ်နိုင်ငံက ဗီယက်နမ်ဆန်မွှေးအတွက် အလား အလာရှိတဲ့ ဈေးကွက်ကြီးဖြစ်လာကြောင်း ၎င်းင်းက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။ပပ၊ Source:tradearabia.com, vietnamnews, Vnagency.com.vn