ပဲစင်းငုံနီ ကျဈေးနဲ့ အရောင်းအဝယ်ပုံမှန်ဖြစ်နေ

ပဲစင်းငုံနီ    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ       ယခင်      ယခု    ပြောင်းလဲမှု     ၁    ဘုရင့်နောင်    ၁ တန်        ၄၄၈၀၀၀    ၄၄၇၀၀၀                ၂    မန္တလေး          ၁ ပိဿာ         ၆၆၇        ၆၅၀         ၃    မုံရွာ               ၁ ပိဿာ         ၆၇၀        ၆၆၅        ၄    ပခုက္ကူ            ၁ ပိဿာ         ၆၇၅        ၆၆၀            ၅    မြင်းခြံ            ၁ ပိဿာ         ၆၅၀         ၆၄၀            ၆    အောင်လံ       ၁ ပိဿာ         ၆၇၀         ၆၅၀           ၇    မကွေး           ၁ ပိဿာ          ၆၆၅         ၆၆၅                   ၈    ပြည်              ၁ ပိဿာ         ၆၆၅          ၆၆၅    ပဲစင်းငုံနီ ကျဈေးနဲ့ အရောင်းအဝယ်ပုံမှန်ဖြစ်နေ    ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ (RC) ကို အိတ်စပို့ဝယ်လက်တွေက ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအားအခြေအ နေကို တွက်ချက်ပြီး ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးကအနည်းငယ်ကျနေကြောင်း သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်တန်ကို ၄၃၆၀၀၀ ကျပ်မှ ၄၄၇၀၀၀ ကျပ် အတွင်း တန် ၂၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေး ကွက်မှာ ပဲစင်းငုံနီသစ်တွေ ဈေးကွက်ထဲဝင်ပေမယ့် ဝင်ရောက်တဲ့ ပမာဏနည်းနေသေးတယ်။ (အဟောင်း) ကပဲ အရောင်းအဝယ် ဆက်ဖြစ်နေတာ  သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၅၀ ကျပ် (တစ်တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၂၀၀ ကြားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အောင်လံဈေးကွက်မှာ ရန်ကုန် ဝယ်လက်က ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၆၅၀ ကျပ် (တစ် တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၃၀၀ ကြားသာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မကွေးမှာ ပဲစင်းငုံနီ (သစ်) ရော (ဟောင်း)ပါ ရန်ကုန်အဆွဲပုံမှန်ရှိခဲ့သလို ရောင်းသူကုန် သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ငုံနီ(သစ်)တစ်ပိဿာကို ၇၁၅ ကျပ် (တစ်တန်ကို ၄၃၇၈၅၈ ကျပ်) နဲ့နေ့စဉ်အိတ် ၃၀၀ငုံနီ(ဟောင်း) က တစ်ပိဿာ ၆၅၅ ကျပ် (တစ်တန်ကို ၄၀၁၁၁၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၄၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီ (သစ်) က ဈေးကွက်ထဲ ဝင်ရောက်မှုနည်းနေပြီး (အဟောင်း) ကိုသာ ရန် ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာ ရှိနေတယ်လို့ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက (သစ်) တစ်ပိဿာ ၇၃၅ ကျပ် (တစ်တန်ကို ၄၅၀၁၀၆ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၅၀ ခန့် (ဟောင်း) က တစ်ပိဿာ ၆၆၀ ကျပ်(တစ်တန်ကို ၄၀၄၁၇၇ ကျပ်) နဲ့ တစ်ရက်ကို အိတ် ၅၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ငုံနီသစ်တွေ ဈေးကွက်ထဲ အဝင်မလှိုင်ခင် လှောင်လက်တွေက လက်ကျန်ပဲတွေကို ထုတ်ရောင်း မှုတွေများလာတာကြောင့် အရောင်းအဝယ်ဖြစ်မှုတွေလည်း ယခင် အပတ်နဲ့စာရင် ပိုများလာတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါ တယ်။ မုံရွာဈေးကွက်မှာ ပဲစင်းငုံနီ(သစ်)မဝင်မီ (အဟောင်း) တွေ အရောင်းအဝယ်သွက်လာကြောင်း သိရပါတယ်။ ဒီတစ်ပတ်မှာ ငုံနီ သစ်တွေ ဈေးကွက်ထဲဝင်လာပေမယ့် အရေအတွက်နည်းသလို ဈေး လည်းမငြိမ်ခဲ့လို့ ပဲဟောင်းကတော့ အရောင်းသမားရော အဝယ်သ မားပါ ခပ်သွက်သွက်ရောင်းဝယ်နေကြတယ်လို့ မြို့ခံပဲကုန်သည်တစ် ချို့ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက (သစ်) ကတစ်ပိဿာ ၇၂၅ ကျပ်(တစ်တန်ကို ၄၄၃၉၈၂ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့် (အဟောင်း) က တစ်ပိဿာ ၆၆၅ ကျပ်(တစ်တန်ကို ၄၀၇၂၃၉ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၀၀၀ မှ ၃၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။