ဟင်္သာတကုန်စည်ဒိုင် ဆိုင်းဘုတ်တင်ပွဲ အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်းပြုလုပ်

           ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် လယ်တော်ကျေးရွာအနီးရှိ  ဟင်္သာတ အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်း ကုန်စည်ဒိုင် ဆိုင်း ဘုတ်တင်ပွဲ အခမ်းအနားကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် နံနက်က ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါကုန်စည်ဒိုင်ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွင် ဧရာဟင်္သာကုမ္ပဏီမှ လှူဒါန်းသော ကုန်စည်ဒိုင်အဆောက်အဦအား လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းနဲ့ စီထွာကုမ္ပဏီမှ ကတ္တားတစ်လုံး၊ လားရှိုး ဆေးပစ္စည်းရောင်းဝယ်ရေးမှ ဒင်နာဆက်တစ်စုံတို့ကိုပါ လှူဒါန်းခဲ့တယ် လို့ သိရပါတယ်။မြို့တွင်းနဲ့ အဝေးပြေးယာဉ်ရပ်နားစခန်းသို့ ခရီးသွားလုပ်သားပြည်သူများ သွားလာရေးအဆင်ပြေစေရေးအတွက် မြင့်မြတ်သူမြို့တွင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းမှလည်း စတင်ပြောင်းရွှေ့လျက်ရှိပြီး၊ အဆိုပါ ဟင်္သာတကုန်စည်ဒိုင် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားသို့ သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ ကုန်သည် ၇၀ ဦး တက်ရောက်ခဲ့ကြောင်း သိရပါတယ်။  ဟင်္သာတကုန်စည်ဒိုင်နဲ့  ရောင်းဝယ်မှုလုပ်ငန်းများ ဆက်သွယ်ပြုလုပ်လိုပါက ဖုန်းအမှတ်-၀၄၄ ၂၂၄၄၄ သို့ ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။                             လှိုင်ထွဋ်