လာမည့် ၂၀၁၂ ခုနှစ်တွင် ဗီယက်နမ် ပေါင်းဆန်တန်ချိန် ၄၀၀၀၀၀ အထိ တိုးမြှင့်တင်ပို့ရန် စီစဉ်နေ

    ဗီယက်နမ်ကလာမယ့် ၂၀၁၂ ခုနှစ်မှာ ပေါင်းဆန် တန်ချိန် ၄၀၀၀၀၀ အထိ တိုးမြှင့် တင်ပို့ဖို့ စီစဉ်နေကြောင်း သိရတယ်။ယခုနှစ်မှာ တန်ချိန် ၃ သိန်းခန့်သာ တင်ပို့နိုင်ခဲ့ တယ်လို့ ဗီယက်နမ် စားနပ်ရိက္ခာအသင်း (VFA) ဥက္ကဌ Truong Thanh Phong က ပြောကြားတယ်။    ပေါင်းဆန်ဈေးနှုန်းက ဆန်ဖြူ (၅ ရာခိုင်နှုန်း ဆန်ကွဲ) ဈေးနှုန်းထက် တစ်တန်ကို ၅၀-၆၀ ဒေါ်လာ ဈေးပိုမိုရကာ ဝင်ငွေပိုကောင်းတယ်လို့လည်း Phong  က ပြောကြားတယ်။ ဗီယက်နမ်က ထိုင်းနိုင်ငံပြီးရင် ကမ္ဘာမှာ ဒုတိယမြောက် ပေါင်း ဆန် တင်ပို့မှုအများဆုံးနိုင်ငံဖြစ်ပြီး အရှေ့ဥရောပ ၊ အာဖရိက နဲ့ အာရှနိုင်ငံတွေကိုတင်ပို့လေ့ရှိကြောင်း ၊ တစ်တန်ကို ပျမ်းမျှ ကန်ဒေါ်လာ ၅၇၀ ရရှိကြောင်း Vinh Phat Investment Corporation မှ Nguyen Ngoc Trung  က ပြော ကြားတယ်။ပပSource:xinhuanet.com