သိပ္ပံနှမ်း

သိပ္ပံနှမ်းစဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ         ယခင်       ယခု    ပြောင်းလဲမှု ၁    အောင်လံ         ၁ ပိဿာ         ၁၈၈၉    ၁၈၉၀ နှမ်းဖြူကို တရုတ်နဲ့ နှမ်းလှော်လက်များ ဝယ်အားပုံမှန်ရှိ    မန္တလေးဈေးကွက်မှာ နှမ်းဖြူ(သစ်)က ဈေးကွက်သို့အဝင်ပုံ မှန်ရှိသလို တရုတ်ဝယ်လက်ကလည်း အရည်အသွေးအပေါ်မူတည် ပြီး ဈေးပေးအဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှု က တစ်ပိဿာ ၁၅၁၁ ကျပ်(တစ်တန်ကို ၉၂၅၃၂၁ ကျပ်)နဲ့ တစ် ရက်ကို အိတ် ၈၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည် တစ်ဦးကဆိုပါတယ်။ မကွေးဈေးကွက်မှာ နှမ်းဖြူ (ရိုးရိုးစ)နဲ့ (ခြုံ ကျော်စ)ကို မန္တလေးအဆွဲပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေး မဆိုသလောက်ကျနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ် မှုက တစ်ပိဿာ ၁၄၂၅ ကျပ် (တစ်တန်ကို ၈၇၂၆၅၃ ကျပ်)နဲ့ နေ့ စဉ်အိတ် ၃၀၀ နဲ့ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ရေစကြိုဈေးကွက်မှာ နှမ်းဖြူကို နှမ်းလှော်လက်များသာ အဝယ်များပြီး အိတ်စပို့အတွက် ဝယ်ယူသူများ ဝယ်အားနည်းနေတယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၁၂၇၀ ကျပ် (တစ်တန်ကို ၇၇၇၇၃၅ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀ ခန့်သာဖြစ်ခဲ့တယ်လု့ိ မြို့ခံနှမ်းလှော် လက်တစ်ဦးက ဆိုပါတယ်။ အောင်လံဈေးကွက်မှာ သိပ္ပံနှမ်းကို ရန်ကုန်အဆွဲခပ်ပါးပါးသာ ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက တစ်ပိဿာ ၁၈၉၀ ကျပ် (တစ်တန်ကို ၁၁၅၇၄၁၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။