ဗီယက်နမ်လယ်သမားများ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကို အထူးပြုလုပ်ထားတဲ့ စပါးမျိုးသစ်များနဲ့ စိုက်ပျိုးဖို့ ပြင်ဆင်
ဗီယက်နမ်မဲခေါင်ဒေသလယ်သမားများဟာ ပင်လယ် ရေမျက်နှာပြင် မြင့်တက်မှုကြောင့် ဒေသတွင်းမှာ ဆားငန်ရေ မျက်နှာပြင်မြင့်တက်မှုရဲ့ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ကမ္ဘာမှာ ထိုင်းပြီးရင်ထိပ်တန်းဆန်တင်ပို့နေတဲ့ ဗီယက်နမ်မှာ မဲခေါင်ဒေသဟာ နိုင်ငံရဲ့စပါးကျီလို့ လူသိများပါတယ်။ အဲဒီ ဒေသမှာ မဲခေါင်မြစ်မှ နှစ်စဉ်ရေလွှမ်းမိုးတဲ့အတွက် မြေဆီ လွှာမှာလည်း ကြွယ်ဝလျက်ရှိပါတယ်။ ဒါပေမဲ့ ရာသီဥတုပြောင်းလဲခြင်းဆိုတဲ့ မိုးခေါင်ခြင်းနဲ့ ဆားငန်ရေပါတဲ့ ရေလွှမ်းမိုးခြင်းတွေရဲ့ ဆိုးကျိုးတွေလည်း အများဆုံးကြုံတွေ့ရတဲ့ဒေသဖြစ်ပါတယ်။ ကင်သိုတက္ကသိုလ်၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ သုတေသနဌာနမှ ခန့်မှန်းရာ မှာ ၂၀၃၀ မှာ မဲခေါင်ဒေသပြည်နယ်တော်တော် များများဟာ ရေဖုံးလွှမ်းပြီး၊ အချို့ဒေသတွေမှာ ပင်လယ်ရေ တစ်မီတာခန့် ဖုံးလွှမ်းမယ်လို့ဆိုပါတယ်။ ဆားငန်ရေဝင်ရောက်မှုကြောင့်အချို့လယ်သမားများ ဟာ ပုစွန်မွေးမြူရေးကို ပြောင်းလဲလာကြသလို အချို့မှာလည်း ဆားငန်ဒဏ်ခံနိုင်တဲ့မျိုးစေ့များ အသုံးပြုဖို့ ကြိုးစားနေကြပါ တယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ပြန်ကြည့်မယ်ဆိုရင် ၂၀၀၀ ခုနှစ်မှာ ရေလုပ်ငန်းလုပ်တဲ့ ဧရိယာဟက်တာ ၆၄၁၉၀၀ ရှိရာ မှ ၂၀၁၀ခုနှစ်မှာ ဟက်တာ ၁ သန်းကျော်ထိ တိုးတက်လာခဲ့ပါ တယ်။ ပုစွန်မွေးမြူရေးဟာ ၁၀ နှစ်အတွင်း ၁၀၀ ရာခိုင်နှုန်း နီးပါး ကြီးထွားလာခဲ့ရာ ရေလုပ်ငန်းလုပ်ကိုင်မှု စုစုပေါင်း ဧရိယာရဲ့ ဟက်တာ ၆၄၅၀၀ နီးပါးရှိလာခဲ့ပါတယ်။ ယခုနှစ် မတ်လမှာ နိုင်ငံတကာဆန်စပါးသုတေသန တက္ကသိုလ် IRRI ကနေပြီး၊ ဗီယက်နမ်စပါးမျိုးစေ့များကို ရေနစ်မြုပ်ဒဏ်နဲ့ ရေငန်မှာစိုက်ပျိုးနိုင်တဲ့ မျိုးစေ့များစမ်းသပ် ထုတ်လုပ်မှုကို ၄ နှစ်စီမံကိန်းနဲ့ စတင်ဆောင်ရွက်ခဲ့ပါတယ်။ လဝန်း၊Source: oryza.com
