မန်း-မူဆယ်လမ်းကြောင်း တန်ဆာခ ဈေးကျ

          မန္တလေး-မူဆယ်လမ်းကြောင်း ကုန်ပစ္စည်းတင်ပို့မှုအနေနဲ့ ယခုရက်ပိုင်းအတွင်း အတက်ကုန်နည်းပါးခြင်းနဲ့ အဆင်းကုန် ရှားပါးခြင်းတို့ကြောင့် ကားတန်ဆာခနှုန်းများ ဈေးကျလာကြောင်းသိရှိရပါတယ်။ ကုန်ပစ္စည်း တင်ပို့မှုအနေနဲ့ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက ကုန်ပစ္စည်းတစ်ပိဿာပေါ်တွင် ၁၀ ကျပ်နှုန်းဈေးကျသွားတယ်လို့ ဆိုပါတယ်။  ယခုရက်ပိုင်းအတွင်း ကုန်ပစ္စည်း တင်ပို့မှုတန်ဆာခနှုန်းထားများမှာ ပဲ၊ ပြောင်း၊ နှမ်းကုန်စုံတစ်ပိဿာ ကုန်ကျစ် ၉၅ ကျပ်၊ ကုန်ပွတစ်ပိဿာ ၁၀၀ ကျပ်နဲ့ ဖရဲသီးတစ်တန် ၇၅၀၀၀ ကျပ်ဈေးနဲ့တင်ပို့လျက်ရှိပြီး အဆင်းကုန်အနေနဲ့ တစ်ပိဿာ ကုန်ကျစ် ၆၅ ကျပ်ဈေး၊ ကုန်ပွ ၇၀ ကျပ်ဈေးအသီးသီးရှိပြီး၊ အတက်အဆင်း တန်ဆာခကွာခြားမှုအနေနဲ့  တစ်ပိဿာ ၃၀ ကျပ် ဈေးကွာကြောင်း သိရပါတယ်။                                                                  ယဉ်ယဉ်ရွှေ