ကျောက်ဆည်ဆန်စပါးဈေး ခပ်အေးအေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း သီးနှံဖြိုင်ဖြိုင်ထွက်ပေါ်လျက်ရှိသော်လည်း ဆန်စပါးဈေးမှာ ခပ်အေး အေးနဲ့ အရောင်းအဝယ်ပုံမှန်သာရောင်းဝယ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါတယ်။ ယခင်နှစ် ဒီအချိန်က ဆန်စပါးအရောင်း အဝယ်မှာ အလွန်သွက်ခဲ့ကြောင်း၊ လှောင်လက်များကြောင့် ဈေးနှုန်းမှာ တစ်နေ့ တစ်ဈေးနဲ့ အရောင်းအဝယ်ကောင်းခဲ့ကြောင်း၊ ဆန်စပါးပုံမှန်ရောင်းဝယ်လျက်ရှိတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။ ကျောက်ဆည်ခရိုင်အတွင်း ရောင်းဝယ်လျက်ရှိတဲ့ ဆန်စပါးဈေးနှုန်းများမှာ ဧရာပဒေသာစပါး တစ်တင်း ၄၀၀၀ ကျပ်၊ မနောသုခစပါးတစ်တင်း ၃၅၀၀ ကျပ်၊ ရွှေသွယ်ရင်စပါးတစ်တင်း ၃၂၀၀ ကျပ်ဖြစ်ပြီး ဆန်ဈေးများမှာ ဧရာပဒေသာ (သစ်) ၁၆၅၀၀ ကျပ်၊ (ဟောင်း) ၂၀၀၀၀ ကျပ်၊ မနောသုခ (သစ်) ၁၂၅၀၀ ကျပ်တို့ ဖြစ်ကြောင်း သိရပါတယ်။ မောင်ထူး
