တောင်သူလယ်သမားများရဲ့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အခြေအနေနဲ့ နေထိုင်မှု ဘဝပုံစံကို စစ်တမ်းကောက်ယူမယ်
တောင်သူလယ်သမားများရဲ့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအခြေအနေနဲ့ နေထိုင်မှု ဘဝပုံစံကို သက်ဆိုင်ရာမြို့နယ် စီမံကိန်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဆန်စပါးလုပ်ငန်းမှ တာဝန်ရှိသူများ အကူအညီနဲ့ စစ်တမ်း ကောက်ယူမှာဖြစ်ကြောင်း သိရပါတယ်။ စစ်တမ်းကောက်ယူရာမှာ အဖွဲ့ ၁၃ ဖွဲ့ ဖွဲ့စည်းပြီး၊ သက်ဆိုင်ရာမှာရှိတဲ့ ပြည်နယ်နဲ့တိုင်းမှ စစ်တမ်းကောက်ယူ ရာမှာ ဝါသနာပါတဲ့ လူလတ်ပိုင်းများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းရုံးချုပ်မှ တာဝန်ရှိသူများ၊ မီဒီယာအဖွဲ့နဲ့ Myanmar E-gress တို့မှ လိုက်ပါပြီး စစ်တမ်းကောက်ယူမှာဖြစ်ပါတယ်။ စစ်တမ်းကောက်ယူမယ့် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး အရှေ့နဲ့အနောက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်များမှ မြို့ပေါင်း ၄၇ မြို့မှာရှိတဲ့ ကျေးရွာများမှာ စတင်ကောက်ယူမှာဖြစ်ပါတယ်။ မြို့တစ်မြို့မှာ ကျေးရွာ ၂ ရွာရှိ လယ်သမားဦးရေ ၇၀ နဲ့ ၈၀ ကြား စစ်တမ်းကောက်ယူမှာ ဖြစ်ပါတယ်။ စစ်တမ်းကောက်ယူမယ့်ကာလမှာ ၇ ရက်နဲ့ ၁၀ ရက်ကြား ကြာမြင့်မှာဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ ဆန်စပါးအဓိကစားသုံးတဲ့ နိုင်ငံဖြစ်ရာ နည်းပညာပိုင်းမှာ အခြားတိုင်းပြည်နဲ့ ယှဉ်ပါက ကွာခြားမှုရှိနေကြောင်း၊ စိုက်ပျိုးရေးပြုလုပ်ရန် မြေလွတ်များ ကျန်ရှိနေပြီး၊ စိုက်ပျိုးမှုပြုလုပ်နိုင်ရန် ပြင်ဆင်လျက် ရှိနေပါကြောင်း၊တောင်သူများမှာငွေကြေးချေးငှားပြီး၊လယ်ယာလုပ်ကိုင်နေရခြင်းဖြင့်အေ<ကးတင်နေရခြင်းများရှိနေခြင်းကြောင့် တောင်သူလယ်သမားများရဲ့ စစ်မှန်တဲ့ အခြေအနေမှန်ကို သိရှိစေရန်အတွက် စစ်တမ်းကောက်ယူရခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ ဒေါက်တာစိုးထွန်းက ပြောပါတယ်။ ၂၀၀၈ ခုနှစ်မှာ တောင်သူလယ်သမားများပါဝင်တဲ့ အထူးပြုကုမ္ပဏီများ စတင်ဖွဲ့စည်းပြီး၊ တောင်သူ လယ်သမားများ အား ငွေထုတ်ချေးပေးခြင်း ဆောင်ရွက်ခဲ့ရာ ယခုအခါ အထူးပြုကုမ္ပဏီပေါင်း ၅၀ ကျော်ရှိလာပြီ ဖြစ်ရာ အထူးပြုကုမ္ပဏီမှာ ပါဝင်တဲ့တောင်သူလယ်သမားများရဲ့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အခြေအနေနဲ့ အထူးပြုကုမ္ပဏီမှာ မပါဝင်တဲ့ တောင်သူ လယ်သမားများရဲ့ အခြေအနေမှန်ကို စစ်တမ်းကောက်ယူမှာဖြစ်ကြောင်း၊ စစ်တမ်း ကောက်ယူခြင်းနဲ့ ဆင်းရဲမှု လျှော့ချရေး အတွက် အထောက်အကူပြုမယ့် အခြေခံအချက်တစ်ချက်လည်းဖြစ်ကြောင်း သိရပါတယ်။ ထိုသို့ စစ်တမ်းကောက်ယူခြင်းကို ယခုနှစ်မှာ စတင်ပြီး ဆောင်ရွက်မှာဖြစ်ပြီး၊ နောင်နှစ်များမှာလည်း လစာစစ်တမ်း ကောက်ယူသွားရန် အစီအစဉ်များ ရှိ ကြောင်း သိရပါတယ်။ ဇူးဇူး
