ကိုယ်လုပ်သလောက်နဲ့ တန်သလောက်ပြန်ရပါလိမ့်မယ် မကြိုးစားဘဲနေရင်တော့ ဘယ်နေရာမှရောက်မှာ မဟုတ်ဘူးလို့ဆိုတဲ့ ခင်လေးနွယ်
- ရိုက်ကွင်းပေါ်မှာ အိမ်ထောင်ရေးဇာတ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နေတဲ့ ခင်လေးနွယ်ကိုအိမ်ထောင်ရေးနဲ့ပတ် သက်ပြီး ဘယ်လိုသဘောထားလဲဆိုတော့... အိမ်ထောင်ရေးဆိုတာမရှိရင်လည်းမကောင်းဘူး။ အိမ်ထောင်တစ် ခု ထူထောင်ရင်လည်း ပြဿနာက အနည်းနဲ့အများရှိကြတာပါပဲ။ အိမ် ထောင်ရေးဆိုတာအဲဒါတွေကို ရင်ဆိုင်ရခြင်းပဲ။ ခင်လေးကတော့ မသေချာ ဘဲနဲ့တော့ ဘယ်သူမှမပြောချင်ဘူးပေါ့။ သေချာလို့ပြောရင်လဲ မဖြစ်လာ တော့ ဘယ်လိုလုပ်မလဲ။ ကံဆိုတာမြင်ရတာမှမဟုတ်တာ။ အဲဒီတော့ ကိုယ်မှန်တယ် ထင် တာလုပ်ကြတာပဲ ကောင်းပါတယ်။ ဘယ်ဟာ အမှန်ပဲလို့သတ်မှတ်ချက်တော့မရှိပါဘူး။- သရုပ်ဆောင်လောကမှာ ကိုယ်ရတဲ့နေရာတစ်ခုအပေါ် သဘောထားလေးက... အခက်အခဲတွေအများကြီးကို ကျော်ဖြတ်ရင်း ခက်ခက်ခဲခဲကြိုးစားခဲ့ရတယ်။ ရလာတဲ့နေရာကို ဘယ် ကျေနပ်နိုင်ဦးမလဲနော်။ အဲဒီတော့ ဒီထက်ဒီထက်ပိုကောင်းအောင် အများကြီးကြိုးစားရပါဦးမယ်။ ကိုယ်လုပ်သလောက်နဲ့ တန်သလောက်ပြန်ရပါလိမ့်မယ်။ မကြိုးစားဘဲနေရင်တော့ ဘယ်နေရာမှ ရောက်မှာ မဟုတ်ပါဘူး လို့ ပြောသွားပါတယ်။
