မလေးရှားဝန်ကြီးမှ ပြည်တွင်းဆန်ဖူလုံမှု ၈၀ ရာခိုင်နှုန်းထိ ရည်မှန်းဖို့ တိုက်တွန်း

           စားနပ်ရိက္ခာအကျပ်အတည်းကို ရှောင်ကြဉ်ဖို့၊ ပြည်တွင်းဆန်ထုတ်လုပ်မှု ဖူလုံဖို့ကို ၈၀ ရာခိုင်နှုန်းထိ ရည်မှန်းဆောင်ရွက်ဖို့လိုအပ်နေပြီလို့ မလေးရှားလွှတ်တော်ဝန်ကြီးမှ ပြောကြားပါတယ်။ လက်ရှိပြည်တွင်းထုတ်လုပ် မှု ပမာဏက ပြည်တွင်းစားသုံးမှုရဲ့ ရာခိုင်နှုန်းအချို့သာ ရှိတယ်လို့ဆိုပါတယ်။ ၂၀၀၈ ကမ္ဘာ့ဆန် ပြတ်လပ်မှုဖြစ်စဉ် အတွင်း မလေးရှားနိုင်ငံဟာစားနပ်ရိက္ခာ အကျပ်အတည်းက သီသီလေးသာလွတ်ခဲ့ရပါတယ်။ အကယ်လို့ အဲဒီလိုအကျပ်အတည်းမျိုး နောက် ၅ လသို့မဟုတ် ၆ လမှာထပ်ဖြစ်မယ်ဆိုရင်တော့ ပီလောပီနံတွေကို စားရလိမ့်မယ်လို့ ၎င်းက ဆိုပါတယ်။မလေးရှားနိုင်ငံဟာ ကမ္ဘာမှာထိပ်တန်းဆန်တင်သွင်းသူများထဲကတစ်ခုဖြစ်ပါတယ်။ နိုင်ငံရဲ့ဆန်ထုတ်လုပ်မှုဟာလွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းတန့်နေပေမယ့် လူဦးရေတိုးပွားလာတာနဲ့အမျှ ပြည်တွင်းစားသုံးမှုလည်း ပုံမှန်မြင့်တက် နေပါတယ်။မလေး ရှားနိုင်ငံရဲ့ ပြည်တွင်းဆန် ဖူလုံမှုဟာ ၁၉၇၀ မှာ ၇၁ ရာခိုင်နှုန်းရှိရာမှ ၂၀၀၇ ခုနှစ်မှာ ၆၂ ရာခိုင်နှုန်းကိုကျဆင်းလာတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ပြောကြားပါတယ်။လွှတ်တော်ဝန်ကြီးမှ ဆန်အပါအဝင်အရေးပါတဲ့ စားနပ်ရိက္ခာသီးနှံများအတွက် သိုလှောင်မှုပမာဏ အနိမ့်ဆုံးထားရှိရေးအစိုးရကို တိုက်တွန်းခဲ့ပါတယ်။ လတ်တလောမှာ မလေးရှားနိုင်ငံဟာ နှစ်စဉ် ဆန်တန်ချိန် ၂ ဒသမ ၇၅သန်း ခန့်စားသုံးနေပြီး၊ ၈၀ ရာခိုင်နှုန်း ပြည်တွင်းစားသုံးမှု ဖူလုံဖို့အတွက် အနည်းဆုံး ဆန်တန်ချိန် ၂ ဒသမ ၂ သန်းခန့်ထုတ် လုပ်ရမှာဖြစ်ပါတယ်။ လက်ရှိထုတ်လုပ်မှုတန်ချိန် ၁ ဒသမ ၆ သန်းထက် ပိုမိုပြီး နောက်ထပ် တန် ၆ သိန်းပိုထုတ်ရမှာဖြစ်ပါတယ်။ဆန်တင်ပို့နိုင်ငံများအတွင်း ဖြစ်ပေါ်နေတဲ့ မမျှော်မှန်းနိုင်တဲ့ ရာသီဥတုအပြောင်းအလဲ၊ လူဦးရေတိုးတက်မှုနဲ့ ငွေကြေးလဲလှယ်နှုန်းတွေအရ နိုင်ငံအနေနဲ့ ပြည်တွင်းဆန်ဖူလုံမှု ပိုမိုဖို့ ရည်ရွယ်ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။လမင်း၊Source: oryza.com