ထိုင်းအစိုးရရဲ့ အပေါင်ခံအစီအစဉ်ကြောင့် ယခုနှစ်လက်လီဆန်ဈေးမြင့်တက်နိုင်

    ထိုင်းအစိုးရရဲ့ သီးနှံအပေါင်ခံအစီအစဉ်ကြောင့် ပြည်ပဆန်တင်ပို့မှု ကျဆင်းဖွယ်ရှိသလို ယခုနှစ် ၅ ကီလိုပါ အိတ် ဆန်လက်လီဈေးလည်း ၅ ရာခိုင်နှုန်း - ၁၀ ရာခိုင်နှုန်းအတွင်း မြင့်တက်နိုင်ပါတယ်။ အစိုးရရဲ့ မြင့်မားတဲ့ ဈေးနှုန်းအာမခံကြောင့် စပါးဈေးဟာ ၂၀၁၁ ခုနှစ် အထက်မှာရှိနိုင်တယ်လို့ CP  ပြည်တွင်းကုန်သွယ်ရေး ဥက္ကဌ Sumeth  Laomoraphorn  မှ ပြောကြားပါတယ်။     ယခင်နှစ် ရေလွှမ်းမိုးမှုကြောင့်လယ်ကွင်း ၁ ဒသမ ၂၈ ဟက်တာသန်း ရေနစ်မြုပ်တဲ့အတွက် ဈေးကွက် အတွင်း ဆန် တန်ချိန် ၅ သန်းခန့် လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။ ဆန်ဈေး ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်မှုဟာ ဖြစ်သင့် ပေမယ့် အဲဒီထက်တော့ ပိုမိုမြင့်တက်နိုင်ဖွယ်မရှိဘူးလို့လည်း ဆိုပါတယ်။ အဲဒီဈေးထက် ပိုမိုမြင့်တက်ခဲ့ရင် အစိုးရက သက်သာတဲ့ဈေးတစ်ခုနဲ့ ရောင်းချဖို့ အလံပြာ ဈေးကွက်တစ်ခုကို ဆောင်ရွက်လိမ့်မယ်လို့ Mr. Sumeth က ဆိုပါတယ်။    ထိုင်းဆန်တင်ပို့သူများအသင်း ဥက္ကဌ Chukiat  Opasawong ကလည်း ၂၀၁၂ မှာ ဆန်တင်ပို့ဈေး ၅ ရာခိုင်နှုန်းခန့်မြင့် တက်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။ ဆန်ဖြူတင်ပို့ဈေး တစ်တန် ကန်ဒေါ်လာ ၆၀၀ နဲ့ စံပယ်ဆန် တစ်တန် ကန်ဒေါ်လာ ၁၁၀၀ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ဒါပေမယ့်ဆန်တင်ပို့မှုကတော့ယခင်နှစ်က တန်ချိန် ၁၁ သန်းတင်ပို့ခဲ့ရာမှ ၃၀ ရာခိုင်နှုန်း ကျဆင်းပြီး၊ ယခုနှစ်မှာ ဆန်တန်ချိန် ၇ သန်းထက်မပိုနိုင်ဘူးလို့ ဆိုပါတယ်။    ပြည်တွင်း ကုန်သွယ်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Watchari  Wimuktayon  ကလည်း စပါးဈေးမြင့်တက် တာနဲ့အညီ လက်လီဆန်ဈေးလည်း မြင့်တက်လာမယ်ဆိုတာ ထောက်ခံပြောကြားပါတယ်။လမင်း၊Source: Bankok post