ကမ္ဘောဒီးယားနိုင်ငံ စပါးစိုက်ပျိုးမှုနဲ့ ဆန်ကြိတ်ခွဲရေးတို့မှာ တရုတ်ကုမ္ပဏီက ကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နံှမယ်
တရုတ်နိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဆန် ကြိတ်ခွဲမှုလုပ်ငန်းများ တိုးချဲ့ဖို့ ကြိုးစားလျက်ရှိရာမှာ ပုဂ္ဂလိက စားနပ်ရိက္ခာ ကုမ္ပဏီတစ်ခုမှ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဆန်ကြိတ် ခွဲမှု လုပ်ငန်းများမှာ ကန်ဒေါ်လာ သန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံ မယ်လို့သိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံတော် အစည်းအဝေး ဥက္ကဌမှ တရုတ်ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာနဲ့ ကုန်သွယ်မှု စာချုပ်ဆိုင်ရာများ ဆွေးနွေးခဲ့တယ်လို့ ကက်ဘိနက်ဒါရိုက် တာမှ ပြောကြားပါတယ်။ တရုတ်ကုမ္ပဏီဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ စပါးစိုက်ပျိုးမှု၊ ဆန်ကြိတ်ခွဲမှုနဲ့ သိုလှောင်မှုတွေမှာ တိုးမြှင့်ရင်းနှီးသွားဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ ၎င်းတို့အနေနဲ့ တစ်နှစ်ကို ဆန်တန်ချိန် ၁ ဒသမ ၅ သန်းခန့်အထိ တင်ပို့နိုင်တဲ့ အရည်အသွေးမြင့်ဆန်များ ကြိတ်ခွဲလိုတယ်လို့လည်း ဆိုပါ တယ်။ ကန်ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံမှုရဲ့ တစ်စိတ်တပိုင်း အနေနဲ့ ကမ္ဘောဒီးယားနိုင်ငံ တစ်နှစ်စိုက်ဟက်တာ ၂ ဒသမ ၆၅ သန်းရဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်း ဝန်းကျင်ရှိတဲ့ ဟက်တာ ၆၀၀၀၀ ဝန်းကျင်မှာ စပါးစိုက်ပျိုးမှုလည်း တစ်ခုအပါအဝင် ဖြစ်မယ်လို ဆိုပါတယ်။လဝန်း၊Source: oryza.com
