နတ်တလင်းတောင်ပျံမွှေးစပါးအဖွင့်ဈေး ယခင်နှစ်ထက် ဈေးကောင်းရ
ပဲခူးတိုင်းဒေသကြီး၊ အနောက် ပိုင်းအတွင်း မိုးဧည့်မထစပါးဈေး ၄၆ ပေါင် တင်းတစ်ရာ ၂၇၆၀၀၀ ကျပ်ဖြင့် ယခုနှစ်ဆန်းပိုင်းမှာ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး နတ် တလင်းတောင်ပျံမွှေး စပါးဈေးက တော့ ယခုတစ်ပတ်မှာ ပေါင် ၅၀ တင်းတစ်ရာကို နတ်တလင်းဈေး ကွက်မှာ ကျပ် ၅၀၀၀၀၀ ဈေးနဲ့ ရောင်းဝယ်နေခဲ့ကြတာကို တွေ့ရ ပါတယ်။ ယခုနှစ် တောင်ပျံမွှေးပေါ် စ အဖွင့်ဈေးမှာ တင်းတစ်ရာ ၅၆၀၀၀၀ ကျပ်ဈေးနဲ့ ဈေးဖွင့်ခဲ့ပြီး၊ ယခင်နှစ်ကထက်ဈေးပိုရခဲ့တာတွေ့ ရပါတယ်။ ယခင်နှစ်က အဖွင့်ဈေး မှာ တင်းတစ်ရာ ၃၈၀၀၀၀ ကျပ် သာရှိခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
