ဧည့်မထ ၂၅ မှတ်ဆန်များ မူဆယ်မှတစ်ဆင့် တရုတ်ကို တင်ပို့

ဆန် ပြည်ပတင်ပို့မှုကို ပင်လယ်ရေကြောင်းကသာမက နယ်စပ်ကုန်သွယ်ရေးမှလည်း တင်ပို့ခွင့်ပြုရာ မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်ကို တင်ပို့နေ ကြောင်း သိရပါတယ်။ ၂၀၁၁ ဒီဇင်ဘာလအတွင်း မူဆယ်မှ တရုတ်ကို တန်ချိန် ၁၂၀၀ ခန့်တင်ပို့ပြီးကြောင်းလည်း သက်ဆိုင်ရာဌာနမှ သိရှိရပါတယ်။ ယခုနှစ်အတွင်း ပင်လယ်ရေကြောင်းမှ တရုတ်ကို ဧည့်မထဆန် တန်ချိန် ၂ သောင်းနီးပါး  တင်ပို့ထားကြောင်း သိရပါတယ်။ယခုလအတွင်းမှာလည်း မြန်မာချင်းတွင်းကုမ္ပဏီမှ ဧည့်မထ ၂၅ မှတ်ဆန် တန်ချိန် ၁၀၀၀ ကို တစ်တန် ကန်ဒေါ်လာ ၃၉၅ နှုန်းနဲ့ တရုတ်ကို တင်ပို့ခွင့်လျှောက်ထားခြင်းအပေါ် သက်ဆိုင်ရာဌာနမှ ခွင့်ပြုထားကြောင်း သိရပါတယ်။ ဆန်ပိုလျှံ တိုင်းဒေသကြီး/ပြည်နယ်များမှ  ဆန်များ ပြည်ပ တင်ပို့ရာမှာ ဒေသအလိုက် ဆန်အမျိုးအစားပေါ်မူတည်ပြီး ထိုက်သင့်တဲ့ ဈေးနဲ့တင်ပို့ခွင့်ပြုလျက်ရှိပါတယ်။ ပင်လယ်ရေကြောင်းက ဧည့်မထ ၂၅ မှတ်ဆန်ကို တစ်တန် ကန်ဒေါ်လာ ၃၅၅ နဲ့ရောင်းချကြောင်း သိရပါတယ်။                                                                         လမင်း