ဥရောပကြွေးမြီအကျပ်အတည်းက ဂျပန်စီးပွားရေးကိုဆက်လက်ဂယက်ရိုက်

    ဥရောပ နိုင်ငံတော်ကြွေးမြီ  အကျပ်အတည်းက ၂၀၁၂ ခုနှစ်မှာ ဂျပန်စီးပွားရေးအပေါ်ဆက်လက်ဂယက် ရိုက်ခတ်လိမ့်ဦးမယ်၊ ဒါ့ကြောင့် ယန်းငွေတန်ဖိုးဆက်လက် ခိုင်မာနေပြီး အမေရိကန်ပြည်ထောင်စုနဲ့ ထွန်းသစ်စစီးပွား ရေးတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကျဆင်းမှာ ဖြစ်ပါ တယ်။ ယူရိုဒေသကနေ ရင်းနှီးမြှုပ်နှံသူတွေ၊ ဘဏ္ဍာရေး အဖွဲ့ အစည်းတွေက ရန်ပုံငွေထုတ်ယူသွားမှာ ဖြစ်တဲ့အတွက် ယူရိုတန်ဖိုးက ဆက်လက်တန်ဖိုးကျဆင်းနေဦးမှာ ဖြစ် တယ်လို့ တိုကျိုရှိစီးပွားရေးပညာရှင်တွေက ပြောပါတယ်။    "အလုပ်လက်မဲ့နှုန်းတွေမြင့်နေတာနဲ့အတူ ဥရောပ စီးပွားရေးကလည်း ထူးထူးခြားခြား  ဆိုးဝါးနိုင်ပါတယ်။ လာမဲ့အနာဂတ်ကာလမှာ ယူရိုငွေကြေးကိုရောင်းဝယ်နိုင်မဲ့ အလားအလာသိပ်ကောင်းဦးမှာ မဟုတ်ဘူး"လို့ နော်မူရာ စာချုပ်စာတမ်းရောင်းဝယ်ရေးကုမ္ပဏီမှ စီးပွားရေးပညာ ရှင် အကြီးအကဲ တာကာဟီဒဲကီအုချီ ပြောပါတယ်။    ၂၀၁၂ ခုနှစ်မတ်လကုန်မှာ ယူရိုတန်ဖိုးက ယန်း ၉၀ နဲ့ ၁၀၅ ယန်းကြားမှာ ရှိလိမ့်မယ်လို့ ကီအုချီက ပြောပါ တယ်။ ဂျပန်နိုင်ငံရဲ့ ပြင်ပဈေးကွက်တွေမှာ ယူရိုဈေးနှုန်း က ဒီဇင်ဘာ ၃၀ ရက်က တစ်ယူရိုကို ယန်း  ၁၀၀ ကျော် စတင်ဖောက်ထွက်ခဲ့ပါတယ်။ ဇန်နဝါရီ ၂ ရက်က တစ်ယူ ရိုကို ၉၈ ဒသမ ၇၁ ယန်းနှုန်းရှိခဲ့ပါတယ်။ တိုကျိုဈေးကွက် မှာ ဇန်နဝါရီ ၄ ရက်က ယူရိုဈေးနှုန်းက ၉၉ ဒသမ ၈၄ ယန်းနှုန်းထိ ရှိခဲ့ဖူးပါတယ်။    ယူရိုနဲ့ဖလှယ်ရာမှာ ယန်းတန်ဖိုးမြင့်တက်တဲ့အတွက် စက်မှုကိရိယာထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ အိမ် အသုံး အဆောင် ပစ္စည်းတွေထုတ်လုပ်တဲ့ လုပ်ငန်းတွေကို အထူး သဖြင့် ထိခိုက်မှုရှိနိုင်ပါတယ်။ ဒီလုပ်ငန်းတွေက ဥရောပကို ပစ္စည်းအမြောက်အမြား ပို့ကျလို့ ဖြစ်ပါတယ်လို့ ဒိုင်၀ အာမခံ စာချုပ်စာတမ်းရောင်းဝယ်ရေး ကုမ္ပဏီ မှ မဟာ ဗျူဟာမှူး ဆုယိုရှီနိုမာဂူဂျီက ပြောပါတယ်။    ယူရိုနဲ့ ဂျပန်ယန်းဖလှယ်ရာမှာ ယန်းငွေတစ်ယန်း တန်ဖိုးတက်တိုင်း တိုယိုတာမော်တာကော်ပိုရေးရှင်းရဲ့ တစ်နှစ်တာဆုံးရှုံးမှုကယန်း ၅ဘီလီယံ(ဒေါ်လာ ၆၅ ဒသမ ၂ သန်း) ရှိနိုင်ပါတယ်။           Source. ajw.asahi.com