ဆန်တင်သွင်းရန် တင်ဒါခေါ်ယူတော့မည့် ဖိလစ်ပိုင်
ဖိလစ်ပိုင်နိုင်ငံ အမျိုးသားစားသောက်ကုန်အာဏာပိုင်အဖွဲ့ National Food Authority (NFA) က ပုဂ္ဂလိက တင်သွင်းသူတွေအတွက် ယခုနှစ်မှာဝယ်ယူဖို့ ဆန်တန်ချိန် ၅၀၀ယ၀၀၀ ကို လာမယ့်လမှာ တင်ဒါခေါ် ယူသွားမှာဖြစ်ကြောင်း ပြောကြားလိုက်တယ်။ ဒါပေမဲ့ ပါမစ်ထုတ်မပေးမီမှာဘဲ ဆန်ကိုစတင်ဝယ်ယူနိုင်ကြောင်း ဖြည့်စွက်ပြောကြားလိုက်တယ်။ NFA ကောင်စီကို အစိုးအဖွဲ့အစည်းဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးဌာနမှ ကြီးကြပ်လျက်ရှိပြီး ဆန်တင်သွင်းဖို့ အတွက် တင်ဒါလမ်းညွှန်ချက်တွေ သဘောတူညီချက်ရရှိဖို့ စောင့်ဆိုင်းနေဆဲဖြစ်တယ်။ ဒါ့ပြင် အခွန်ကင်းလွတ်ခွင့်ကို ဘဏ္ဍာရေး ဝန်ကြီးဌာမှ သဘောတူညီချက်ရရှိဖို့ လိုအပ်လျက်ရှိတယ်။ ပြီးခဲ့တဲ့လက NFA ကောင်စီက ယခုနှစ်အတွက် ဆန်တင်သွင်းဖို့ ဆန်တန်ချိန် ၅၀၀ယ၀၀၀ ကို လျာထား ကြောင်းနဲ့ ပြီးခဲ့တဲ့နှစ်က ဆန်တန်ချိန် ၈၆၀ယ၀၀၀ တင်သွင်းခဲ့ကြောင်း သတင်းရရှိပါတယ်။ ၂၀၁၂ ခုနှစ်အတွက် ဆန်တင်သွင်းမှုအားလုံး ကို ပုဂ္ဂလိကကဏ္ဍမှသာ ဆောင်ရွက်ခွင့်ပြုသွားမှာဖြစ်တယ်။ ဆန်ဝယ်ယူသူတွေက ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့မှ ကမ်း လှမ်းတဲ့ဆန်ထက် ပိုမိုဈေးချိုသာတဲ့ ပါကစ္စတန်ဆန်ကို ဝယ်ယူဖို့ ရှာဖွေလျက်ရှိကြ တယ်။ ဗီယက်နမ်က ၅ မှတ်ဆန်ကို တစ်တန်ကိုကန်ဒေါ်လာ ၅၀၀နဲ့ ကမ်းလှမ်းချိန်မှာ ထိုင်း ၅ မှတ်ဆန်ဈေးနှုန်းမှာ တစ်တန်ကို ကန်ဒေါ်လာ ၅၄၀ ရှိကြောင်း သိရှိရတယ်။ ဖိလစ်ပိုင်က ကမ္ဘာ့ဆန်အဓိကတင်သွင်းတဲ့နိုင်ငံဖြစ်ပြီး ဆန်ကို ဗီယက်နမ်မှ အများဆုံးဝယ်ယူလျက်ရှိရာ ပမာဏ အနည်းငယ်ကိုသာ ထိုင်းနိုင်ငံမှ ဝယ်ယူလျက်ရှိတယ်။အေးမွန်မွန်လှိုင်၊ Source: www.mb.com.ph
