ဆန်တင်ပို့မှု ပိတ်ပင်ခြင်းကို အဆုံးသတ်ပြီးနောက် အိန္ဒိယဆန်တင်ပို့မှု မြင့်တက်ဖွယ်ရှိ
ကမ္ဘာတွင် ဒုတိယအများဆုံးဆန်၊ စပါးထုတ်လုပ်တဲ့ အိန္ဒိယ နိုင်ငံရဲ့ ယခုနှစ် ဆန်တင်ပို့မှုဟာ ပြည်တွင်း ဆန်ထွက် ရှိမှု စံချိန်တင်တဲ့အပြင် ထိုင်းနိုင်ငံမှ ဈေးအမြင့်နဲ့ ရောင်းချမှု ကြောင့်ဆန်တင်သွင်းသူများ ပြောင်းလဲဝယ်ယူလာတဲ့အတွက် နှစ်ဆကျော် တင်ပို့နိုင်လိမ့်မယ်လို့ အိန္ဒိယဆန်တင်ပို့သူများ အသင်းဥက္ကဋ္ဌ Vijay Setia က ပြောကြားပါတယ်။ မတ်လ ၃၁ ရက် ကုန်ဆုံးမယ့် ယခုနှစ်အတွင်း ဘာစမာတီဆန်မွှေး အပါအဝင် ဆန်တန်ချိန် ၆ သန်းခန့် တင်ပို့နိုင်မှာဖြစ်လို့ ယခင် နှစ် တင်ပို့ခဲ့တဲ့ တန်ချိန် ၂ ဒသမ ၂ သန်းထက် အဆများစွာ ပိုမိုမယ်လို့ ဆိုပါတယ်။ စက်တင်ဘာလကစပြီး ဘာစမာတီမဟုတ်တဲ့ ဆန် တန်ချိန်၁ ဒသမ ၈ သန်းကျော်တင်ပို့ပြီးကြောင်းလည်း ပြော ကြားပါတယ်။ အိန္ဒိယဆန်တင်ပို့မှု မြင့်တက်ခြင်းက ၂၀၁၁ ခုနှစ်အတွင်း ချီကာကိုမှာ ကြိုပွိုင့်ဈေး ၃ နှစ်အတွင်း ပထမနှစ်အဖြစ် မြင့်တက်နေခြင်းအပေါ် ဖိအားဖြစ်စေနိုင်ပြီး၊ ထိုင်းနိုင်ငံမှ ရောင်းချမှုလျော့ကျခြင်းကိုလည်း ဖြည့်ဆည်း ပေး နိုင်ပါတယ်။ ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော်အတွက် အဓိက စားတဲ့ ဆန်ဈေးသက်သာခြင်းဟာ နိုဝင်ဘာလမှာ ၅ လ အတွက် အနိမ့်ဆုံးကျဆင်းခဲ့တဲ့ ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်း ကို ထပ်မံကျဆင်းနိုင်တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ အိန္ဒိယဆန်တင်ပို့မှု ပိုမိုခြင်းဟာ ကမ္ဘာ့ဆန်ဈေးကို ဆွဲချ သလိုဖြစ်နေပေမယ့် ဈေးပိုရဖို့အတွက် တန်ဖိုးမြင့် ဆန် တင်ပို့ ဖို့တော့ လိုအပ်တယ်လို့ ှ Setia က ဆိုပါတယ်။ အိန္ဒိယနိုင်ငံ အနေနဲ့ ပြည်တွင်း ဆန်သိုလှောင်မှုများနေတဲ့ အတွက် ပြည်ပ တင်ပို့မှုကို လျှော့ချမှာမဟုတ်ဘူးလို့ စားနပ်ရိက္ခာဝန်ကြီး ကေဗွီသောမက်စ်က လွန်ခဲ့တဲ့ သီတင်းပတ် က ပြောကြားပါ တယ်။ ဇန်နဝါရီလ ၁ ရက်မှာ နိုင်ငံရဲ့ အရန်ဆန်ပမာဏဟာ ၁၆ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တန်ချိန် ၂၉ ဒသမ ၇ သန်းရှိတယ် လို့ ဆိုပါတယ်။ အိန္ဒိယကုန်သည်များဟာ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ၉ လအတွင်း ဘာစမာတီ ဆန်တန်ချိန် ၂ ဒသမ ၂၄ သန်း တင်ပို့ဖို့စာချုပ်ထားပြီးဖြစ်လို့ ယခင်နှစ် တင်ပို့ခဲ့တဲ့ တန်ချိန် ၂ ဒသမ ၁၆သန်းထက် ကျော်လွန်နေပြီ ဖြစ်ပါတယ်။ တစ်နှစ် လုံးအတွက် စာချုပ်ပမာဏ တန်ချိန် ၃ ဒသမ ၅ သန်းအထိ မြင့်တက်နိုင်ပေမယ့် အမှန်တကယ် တင်ပို့နိုင်မှုကတော့ တန်ချိန် ၂ ဒသမ ၅ သန်းသာရှိနိုင်မယ်လို့လည်း ဆိုပါတယ်။ ဆန်တင်ပို့မှု ပျမ်းမျှဈေးဟာ ယခင်နှစ်က တစ်တန်ကန် ဒေါ်လာ ၁၁၁၀ ရှိရာမှ ၂၀၁၁ ခုနှစ်မှာ ကန်ဒေါ်လာ ၉၆၈ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဇွန်လမှာ ကုန်ဆုံးမယ့် ၂၀၁၁-၂၀၁၂ ရာသီအတွင်း လယ်သမားများ စိုက်ပျိုးမှု ပိုမိုလာခြင်းနဲ့ ရေ လွှမ်းမိုးခြင်း၊ ပိုးမွှားကျရောက်ခြင်းတွေ ကင်းလွတ်ခဲ့တဲ့အတွက် တန်ချိန် ၁၀၂ သန်းအထိ စံချိန်တင် ထွက်ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။လမင်း၊ Source: riceonline
