မတ်ပဲဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်

မတ်ပဲ    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ       ယခင်            ယခု    ပြောင်းလဲမှု     ၁    ဘုရင့်နောင်    ၁ တန်          ၄၇၄၀၀၀     ၄၆၄၀၀၀            ၂        မုံရွာ          ၁ ပိဿာ         ၆၆၅            ၇၁၀                      ၃    ပြည်             ၁ ပိဿာ         ၆၇၅          ၆၈၅        ၄    ဟင်္သာတ       ၁ ပိဿာ         ၆၆၅           ၆၈၅            ၅    မန္တလေး         ၁ ပိဿာ         ၆၅၀           ၆၆၇        မတ်ပဲဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်    ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) ကို အိတ် စပို့ဝယ်လက်တွေက ဈေးကွက်စဖွင့်ချိန်မှာ တစ်တန်ကို ၄၆၇၀၀၀ ကျပ်နဲ့ အဝယ်ရှိခဲ့ရာက နောက်ပိုင်းရက်တွေမှာ ဈေးချအ ဝယ်ရှိသလို ဝယ်အားပါ နည်းလာတာကြောင့် ၁၀-၁-၂၀၁၂ နေ့မှာ ၄၆၂၀၀၀ ကျပ်သို့ဈေးကျဆင်းခဲ့ပြီး ဈေးကွက်ပိတ်ကာနီးမှာ ဈေးပေး အဝယ် ရှိသလို ဝယ်အားပါပြန်လိုက်လာတာကြောင့် ၁၃-၁-၂၀၁၂ နေ့မှာ ၄၆၄၀၀၀ ကျပ်သို့ ဈေးပြန်မြင့်ခဲ့ကာ အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက  တစ်ပတ်အတွင်း တန် ၂၈၇၅ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း) ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်များက ဝယ် အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့် လာပြီး တစ်ပိဿာကို ၆၆၇ ကျပ်(တစ်တန်ကို ၄၀၈၄၆၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။ မုံရွာဈေးကွက်မှာ မတ်ပဲ(သစ်) တွေဈေးကွက်ထဲ စဝင်နေသလို မြို့ခံပဲခွဲစက်တွေကလည်း အရည် အသွေးအပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၇၁၀ ကျပ် (တစ်တန်ကို ၄၃၄၇၉၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ မတ်ပဲ(သစ်)တွေ ဈေးကွက်ထဲဝင်ရောက်လာပြီး အဖွင့်ဈေးက တစ်ပိဿာ ၇၀၀ ကျပ်(တစ်တန်ကို ၄၂၈၆၇၃ ကျပ်)နဲ့  အရောင်းဖွင့်ထားပေမယ့် အရောင်းအဝယ်မဖြစ်သေးဘူးလို့ သိရ ပါတယ်။ လက်ရှိအရောင်းအဝယ်ဖြစ်နေတာက လက်ကျန်ပဲဟောင်း ကိုသာ ရန်ကုန်ဝယ်လက်က တစ်ပိဿာ ၆၈၅ ကျပ် (တစ်တန်ကို ၄၁၉၄၈၇ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၈၀၀ ခန့် အဝယ်ရှိခဲ့ တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲ(သစ်)တွေ ဟင်္သာတဒေသအနီးတစ်ဝိုက်မှ စတင်ဝင်ရောက် နေပြီး တစ်ပိဿာကို ၆၈၅ကျပ်(တစ်တန်ကို ၄၁၉၄၈၇ ကျပ်)နဲ့ ဈေး ဖွင့်အရောင်းရှိနေသလို ရန်ကုန်ဝယ်လက်ကလည်း ပုံမှန်အဝယ်ရှိခဲ့ တယ်လို့ ဆိုပါတယ်။ ပဲဟောင်းက ပစ္စည်းလက်ကျန်ပြတ်ပြီး ပဲသစ် တွေသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။